32 C
Yangon

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၃၀ ခန့်မှ ည ၉ နာရီ မိနစ် ၃၀ အချိန်အထိ ယင်း မာပင်မြို့နယ်၊ ဘန့်ဘွေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ၄၀ မမ ၊ ၆၀ မမ ၊ ၈၀ မမ ၊ ၉၀ မမ ၊ ၁၂၀ မမ လက် နက်ကြီးများ၊ လက်နက်ငယ်များဖြင့် စည်းလုံး ညီညွတ်စွာ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးပျက်စီးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“အဖွဲ့တွေများတော့ ပစ်ခတ်တဲ့အလုံးရေက များတယ်ဗျ၊ ကျနော်တို့အဖွဲ့တင် အလုံး ၂၀ ပစ်ခဲ့တာ၊ အဖွဲ့တွေလည်း များတယ်၊ ကျည်ဖူးတွေလည်း များတယ်၊ ထိခိုက်သေဆုံးပျက်စီးမှုကတော့ များနိုင်တယ်။ ခွေးတွေဘက်က ပြန်ပစ်တာတွေလည်းရှိပါတယ်” ဟု Chindwin Toe Na Yar တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ဒေါင်းမင်းတပ်ရင်း၂၉ တပ်ခွဲ ၂ ကိုဘသာ၊ ဒေါင်းမင်းတပ်ရင်း ၊ BED ငညို နှင့် ယင်းမာပင် ၊ကနီ၊ ဆားလင်းကြီး မဟာမိတ် တပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article