33 C
Yangon

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် တောင်းဖူးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေ

Must read

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် တောင်းဖူးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့နေ

ရန်ကုန်| ဇန်နဝါရီ ၁၁

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက် ဆီးနေ ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စစ်ကောင်စီ ရေတပ်မှ နေဗီ ၃ စီးဖြင့် တောင်းဖူးကျေးရွာသို့ လာရောက်ကာ တပ်သားများ ရွာထဲဝင်၍ ကိုယ်တိုင်မီးရှို့နေခြင်းဖြစ်သည်ဟု ပေါက်တော မြို့ နယ်ဒေသသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ နံနက် ၉ နာရီလောက်ကနေ စစ်ကောင်စီ နေဗီ ၃ စီးနဲ့ ရွာနားကိုလာ တယ်။ ပထမ လက်နက်ကြီးနဲ့ ရွာထဲကို ပစ်တယ်။ ပြီးတော့ ရွားနားကပ်ပြီး တပ်သားတွေက ရွာထဲဝင်ပြီး မီးရှို့တာပါပဲ။ နေအိမ်ဘယ်လောင် သွားသလဲ ဆိုတာ မသိရသေးဘူး။ စစ်ကောင်စီတပ်သားတွေက အခုထိ ရွာထဲမှာ ရှိနေတုန်းပဲ။ လူနေအိမ်တွေကို မီးရှို့တာက တော်တော်လေးကို မတရား ကျူးလွန်နေကြတာ” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ပေါက်တောမြို့နယ်က ကျေးရွာများကို စစ်ကောင်စီမှ ကြည်းတပ်၊ ရေတပ်ဖြင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ ဝင်ရောက်မီးရှို့ခြင်းများရှိနေ၍ တောင်းဖူး ကျေးရွာ သားများမှာ ယခင် နှစ်ပတ်ခန့်ကစ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရခြင်း ဖြစ်သည်။

တောင်းဖူးရွာသားတစ်ဦးက “စပါးရိတ်သိမ်းရန်နှင့် အိမ်စောင့်ရှောက်ဖို့ ရွာသား ၄၀ လောက် ကျန်နေခဲ့တယ်။ တခြားသူတွေတော့ ဘေးကင်းရာနေရာတွေမှာ တိမ်းရှောင်နေကြတာ။ အခု ကျန်နေခဲ့တဲ့ ရွာသားတွေ ဘာတွေဖြစ်နေသလဲ တစ်ယောက်မှ မသိဘူး။ အဆက်အသွယ်လေး မရဘူးဖြစ်နေတယ်။ စစ်ကောင် စီတပ်သားတွေက ရွာထဲဝင်ပြီး မီးရှို့နေတာဆိုတော့ ကျန်နေခဲ့ တဲ့သူတွေ လွတ်မြောက်မလား မသိရသေးဘူး ” ဟု ပြောသည်။

ပြီးခဲ့သည့် ၄ ရက်ခန့်ကစ၍ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများနှင့် ကုလား တန် မြစ်အတွင်း သွားလာနေသော နေဗီများမှ တောင်းဖူးကျေးရွာကို လက် နက် ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့ခြင်းဖြစ်သည်။ တောင်းဖူးကျေးရွာမှာ လူနေအိမ် ၃၀၀ ခန့် ရှိကြောင်း သိရသည်။

ပေါက်တောမြို့ပေါ်တွင်လည်း စစ်ကောင်စီက တပ်အင်အားဖြည့်တင်းနေ၍ ရက္ခိုင့်တပ်တော် AA နှင့် နှစ်ဖက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန် နေဆဲ ဖြစ်သည်။

ဓာတ်ပုံ-တောင်းဖူးကျေးရွာကို စစ်ကောင်စီတပ်မှ မီးရှို့နေစဉ်အား အဝေးမှ မြင်ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article