အုတ်ဖိုနှင့် အောင်လံမြို့နယ်တို့တွင် ပျူစောထီး ၁ ဦး နှင့် စစ်ကောင် စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ စစ်တပ် လက်နက်ကိုင် ပျူစောထီး ၁ ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာ ဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ အရှေ့ဘက် ဝိုင်း ကျေးရွာတွင်နေထိုင်သော စစ်တပ်ထွက်၊ ပျူစောထီး မင်းမင်း ကို ၄င်းနေထိုင်ရာ အိမ်အနီး ဂမုန်း တံတားထိပ်၌ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – ၁ Dragon Brothers (GBK-PDF) က ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမင်းမင်းသည် စစ်တပ်မှ နုတ်ထွက်ထားသူဖြစ်ပြီး စစ်ကောင်စီ တပ်က လက်နက်တပ် ဆင်ပေးကာ ပျူစောထီးအဖြစ် အသုံးပြုနေကြောင်း၊ စစ်ကောင်စီတပ်နှင့် ပေါင်းပြီး ပြည်သူလူထုကို ခြိမ်းခြောက်ဆဲဆိုခြင်း၊ ရိုက် နှက်စစ်ဆေးခြင်း၊ ပြည်သူ့ထောက် ပို့ များကိုစုံစမ်းဖော်ထုတ်ခြင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲများ၏ နေရာများကို ထောက်လှမ်းကာ စစ်ကောင် စီ စစ်ကြောင်းနှင့်အတူ အမြဲလိုက်ပါ ခြင်းတို့ ပြုလုပ်သည့် နယ်မြေ ကျွမ်းကျင် သော ပျူစောထီးဖြစ်ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများအနေဖြင့် ပြည်သူ လူထုကို အနိုင် ကျင့်စော်ကားခြင်း၊ စစ်ကောင်စီကို သတင်းပေးခြင်း၊ လမ်းပြခြင်းများ လုံးဝ မပြုလုပ်ကြရန် သတိ ပေးထားသည်။
အလားတူ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကမွန်းခြုံကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းနိုင်ကို ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း တော်လှန် ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၃ နာရီခန့်က အောင်လံမြို့နယ်၊ ကမွန်း ခြုံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဝင်းနိုင်ကို တော်လှန်ရေးတပ်ဖွဲ့က ညောင် ပင် သာလမ်းပေါက်၌ စောင့်ကြို ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာတွင် ပင်သေဆုံးသွားကြောင်း သိရသည်။
အုပ်ချုပ်ရေးမှုးဝင်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ကမွန်းခြုံရွာတောင် ဘက် တောအုပ်အတွင်း ၌ အောင်လံ PDF ဝင်များရှိနေသည်ကို အကြမ်းဖက် စစ်တပ် ထံသတင်းပေး လမ်းပြလုပ်ခြင်းကြောင့် PDF တပ်ဖွဲ့ဝင် ဒုတိယ နှစ် ကျောင်းသား မင်းခန့်သစ္စာ ကျဆုံးခဲ့ပြီး နှစ်ဦးအဖမ်းခံခဲ့ရကြောင်း သိရှိရသည်