25 C
Yangon

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပျူစောထီး ကျော်မဲ ပစ်ခတ်ခံရပြီးသေဆုံး၊ ၎င်းထံမှ စစ်ယူနီဖောင်း၊ AKကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ

Must read

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပျူစောထီး ကျော်မဲ ပစ်ခတ်ခံရပြီးသေဆုံး၊ ၎င်းထံမှ စစ်ယူနီဖောင်း၊ AKကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ပျူစောထီး သင်တန်းပေးနေသူ ပျူစောထီး ကျော်မဲကို ပစ်ခတ်ရှင်းလင်းရာမှ သေဆုံးသွားကြောင်း Ywangan PDF – JPRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန် ရွာငံမြို့နယ်၊ တောင်ကြား ကျေးရွာ တွင် နေထိုင်သူ ကျော်မဲကို Ywangan PDF-(JPRF) နှင့် တပ်ခွဲ (၃) မှော်ဘုရင်စစ်ကြောင်း တို့ ပူး ပေါင်းကာ ဝင်ရောက်ရှင်းလင်းခဲ့ပြီး နေအိမ်အတွင်းမှ စစ်ယူနီဖောင်း၊ AKကျည် ၁၀ တောင့်၊ လက် ပစ် ဗုံး ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူက ပျူစောထီး ဆိုပေမယ့် အရင်တုန်းက စစ်သားဖြစ်မယ်ထင်တယ်ဗျ၊ အထောက်အထားဓာတ်ပုံတွေအရ ပေါ့၊ သူတို့ကို‌ ထောက်ခံတဲ့ ရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ သင်တန်းလိုက်ပေးနေတာပါ၊ သူ့ရဲ့ လုပ်ရပ်ကို တစ်ရွာလုံးက မကြိုက်ကြပါဘူး၊ စစ်ခွေးတွေကိုလည်း ရွာထဲခေါ်တယ်၊ နေအိမ်ထဲမှာပဲ ရှင်း လင်းခဲ့တာပါ” ဟု Ywangan PDF – JPRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ ကျော်မဲသည် ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာတွင် နေထိုင်သူပြီး ရပ်စောက်မြို့ ဗထူးတပ်အမှတ် ၅၀၉ ခြေမြန် တပ်ရင်းမှ သင်တန်းဆင်းလာသူဖြစ်ကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဖြစ်သည့် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ ပျူစောထီးအဖွဲ့ထဲဝင်ရန် လှည့်လည် စည်းရုံးနေကြောင်း၊ ထို့ပြင် ပျူစောထီး သင်တန်းများလည်း ပေးနေသူဖြစ်ကြောင်း၊ စစ်တပ် စစ်ကြောင်း ထိုးရာတွင်လည်း တပ်မ ၅၅ ဘက်တံဆိပ်တပ် ယူနီဖောင်းဝတ်ကာ လမ်းပြပေးခြင်း၊ PDF တပ်ဖွဲ့ဝင် များ၏ နေအိမ် များကို ပြသခြင်း၊ နေအိမ်များကို မီး ရှို့ဖျက်ဆီးခြင်း တို့လုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ရွာငံမြို့နယ်၊ပင်းတယမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအနေဖြင့် ပြည်သူ့ရင် ခွင်ထံ အမြန်ဆုံးခိုလှုံကြရန် Ywangan PDF-(JPRF) က ထုတ်ပြန်ထားသည်။

“ပျူ တစ်ယောက်မရှိတော့ တစ်ရွာတာ ရန်အေးတယ် ။ သူတို့လဲ အခြားသူတွေလို အမြင်မှန်ရပြီး အလင်းဝင်ချင်ဝင်ပေါ့။ အလင်းဝင်တာ သိက္ခာရှိပါတယ် ။ ငါတို့တွေလဲ အလင်းဝင်ဖို့ အားပေးတယ် ။ အလင်းမဝင်လို့ သေသွားလဲ ပျော်တယ် ဒုက္ခပေးတဲ့ ကောင်တွေ အတွက်”ဟု ဒေသနေ ပြည်သူ တစ်ဦး က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article