Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– တအာင်း တပ်မတော် TNLA က သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၇ မြို့မှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ် ဖော်ဆောင်မယ်လို့ TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ပြော လိုက်တဲ့ အပြင် ၊ တော်လှန်ရေးတပ်တွေ အနေနဲ့လည်း စစ်တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက် ရမယ့် အချိန်ရောက်ပြီလို့ ပြောလိုက်ပါတယ်။
-တောင်ကြီးမြိုု့မှာ MNDAA ကို ကန့်ကွက် ဆန္ဒပြဖို့ဆိုပြီး စစ်ကောင်စီ နဲ့ စစ်တပ်လက်အောက်ခံ ပအို့ ပြည်သူ့စစ်တွေက တစ်အိမ် တစ်ယောက် မဖြစ်မနေ လာရောက်ဖို့ ခြိမ်းခြောက်ခေါ်ယူနေပြီး ၊ ဆန္ဒပြပွဲမလာရင် ထောင်ချအရေးမယ်ဆိုပြီးတော့ပါ ဖိအားပေးနေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူလမ်းက နားကွမ်း ကျေးရွာတံတား မိုင်းဆွဲခံရ ပြီး ပြိုကျ သွားသလို ၊ အဲ့ဒီ့တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးသွားတာဖြစ်တယ်လို့လည်း ဒေသခံ ပြည်သူ တချို့ကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #TNLA