26 C
Yangon

ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ ပျူစောထီး အထိုင်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က အနီးအနားရှိ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ ပျူစောထီး အထိုင်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က အနီးအနားရှိ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ ပျူစောထီး အထိုင်စခန်း သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာ ပျူစောထီး အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းမှ တဆင့် သံချပ်ကာကား ၄ စီးဖြင့် တင်ငုတ်ကြီးရွာကို အင်အားဖြည့်တင်းရန် ထွက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တင်ငုတ်ကြီးရွာကို ရောက်ရှိပြီးနောက် စစ်ကြောင်း ၂ ကြောင်းခွဲထွက်ကာ အနီးအနားရှိခကိုးမြို့ရွာ၊ တောင့်တည်းကုန်းရွာနှင့် သရက်ခေါင်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တောင့်တည်းကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူပိုင်‌နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကိုးမြို့ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထပ်မံ ပစ်ခတ် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် သရက်ခေါင်းရွာကို ထပ်မံ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မီးရှို့ခံရတဲ့ ကျေးရွာ ၃ ရွာက တင်ငုတ်ကြီးနဲ့ နီးတယ်။ တင်ငုတ်ကြီးပျူစောထီးရွာကို တော်လှန်ရေးအဖွဲ့တွေကတိုက်တော့ သူတို့ဘက်က အကျများသလို လက်နက်တွေပါပေးရတော့ မကျေနပ်တာ‌ကြောင့် တောက်လျောက်စစ်ကြောင်းထိုးလာပြီး အနီးအနားရွာတွေကို အကြမ်းဖက်မီးရှို့ပြတာ ရှင်းရှင်းပြောရရင် ရှုံးမဲ မဲတာပေါ့။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေး စစ်​ကြောင်းတွေက ရှိနေတုန်းပဲ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် တောင့်တည်းကုန်းရွာနှင့် ကုန်းမြို့ရွာတို့မှ ပြည်သူပိုင်နေအိမ် မည်မျှ မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့သည်ကို အတည်မပြုနိုင်သေးဘဲ သရက်ခေါင်းရွာမှ နေအိမ် ၃၁ လုံး မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်​တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ တောင့်တည်းကုန်း၊ ဖလံချိုင်၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်းနှင့် ဘိုတည်းကုန်းစသည့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ပျူစောထီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article