32 C
Yangon

မိုးမိတ်မြို့ ကင်းချောင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်၊ ကွယ်ကျေးရွာအုပ်စု၊ နမ္မတူ မြို့နယ်၊ မန်လီကျေးရွာ တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မိုးမိတ်မြို့ ကင်းချောင်းကျေးရွာ၊ နမ့်ဆန်မြို့နယ်၊ ကွယ်ကျေးရွာအုပ်စု၊ နမ္မတူ မြို့နယ်၊ မန်လီကျေးရွာ တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာစစ်ကောင်စီက လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၂ ရက်နေ့တို့တွင် မိုးမိတ်မြို့ နယ် အနီးတွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ၊ စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ ကြောင်း သိရှိရသည်။

“ကင်းချောင်းရွာသူရွာသားတွေတော့ အကုန်ပြေးနေရတယ်။ မိုးမိတ်မြို့နယ် ကင်းချောင်းကျေးရွာ လေယာဥ်နဲ့ပါပစ်နေတာ။ တိုက်ပွဲကတော့ တောက် လျှောက် ဖြစ်နေတယ်။ ရက်အတော်ကြာပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် နမ့်ဆန်မြို့ နယ်၊ ကွယ်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် လာ ရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နမ့်ဆန်မြိုု့နယ်၊ ကွမ်ဟယ်ကျေးရွာတွင် စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတရာမရှိဘဲ အရပ်သားပြည်သူလူထုကို ဦးတည်ကာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ၅ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို ကဲ့ သို့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကွမ်ဟယ်ကျေးရွာရှိ ပါရမီ လက် ဖက် စက်ရုံအား ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင်လည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာကိုလည်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်(၃)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က မြို့များလက်လွှတ်ခဲ့ရပြီးနောက် ရှုးမဲမဲကာ စစ်ရေးလှုပ် ရှားမှု၊ တိုက်ပွဲဖြစ်ပွားမှု တစ်စုံတရာမရှိသော ပြည်သူများနေထိုင်ရာ‌ ဒေသများ ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရာဇ၀တ်မှု ကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေကြောင်း TNLA က သတင်းထုတ် ပြန်သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မိုးမိတ်မြို့ #TNLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article