32 C
Yangon

ပလက်၀တွင် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို AA က ဖမ်းဆီးရရှိ

Must read

ပလက်၀တွင် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို AA က ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေ သည့် ပလက်၀ နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကို ယနေ့ နံနက်ပိုင်း ဖမ်းဆီးရရှိကြောင်း AA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“သူက ပလက်၀ကနေ ထွက်ပြေးဖို့ လုပ်နေတာ။ အဲဒါကို ဖမ်းမိတာပါ။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ ၁၉ )ပါ။ “ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် AA ရှေ့တန်းသတင်းရင်းမြစ်က ဗိုလ်မှူးချုပ် ဇင်မျိုးဆွေကို ဖမ်းဆီးရရှိသ ည့် အသေးစိတ်သော အချက်အလက်များကို ထုတ်ပြန် ပြောဆို ခြင်းမရှိပေ။

ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ၁၉၉၃ ခုနှစ်တွင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် ၂၃ ကျောင်းဆင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း၊ အလုံမြို့နယ် ဇာတိဖြစ်ပြီး သမိုင်းအဓိက ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကြောင်း၊ မိခင်တပ်ရင်း အဖြစ် အမှတ် ၁၈ ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင် ခဲ့ ကြောင်း၊ သားသမီး ၂ ဦးရှိကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article