33 C
Yangon

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်း စခန်းသိမ်း တိုက်ပွဲတွင် AA နှင့်အတူ ယော ကာကွယ်ရေးတပ်-YDF ပါဝင် တိုက် ခိုက်

Must read

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်း စခန်းသိမ်း တိုက်ပွဲတွင် AA နှင့်အတူ ယော ကာကွယ်ရေးတပ်-YDF ပါဝင် တိုက် ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာကုန်းစခန်း သိမ်း တိုက်ပွဲနှင့်အတူ ရခိုက်ပြည်နယ်တိုက်ပွဲများအတွင်း ဆက်လက် ပူးပေါင်း ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယောကာကွယ်ရေးတပ်ဖွဲ့- YDFမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ‌ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းအား ယောကာကွယ်ရေးတပ် – YDF သည် မဟာမိတ်တပ်များနှင့်အတူ စစ်ရေး အတွေ့ အကြုံယူရင်း ရဲရင့်တက် ကြွစွာ ပူးပေါင်း ပါဝင်၍ တိုက်ပွဲဆင်နွှဲခဲ့ရာ ၃ ပတ်အကြာ အပြီးသိမ်း ပိုက်နိုင်ခဲ့ ပြီး လက်နက်ခဲယမ်းမြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း၊ သိရသည်။

“ ကျနော်တို့ ယောကာကွယ်ရေးတပ်ဖွဲ့ – YDF လည်းပဲပါဝင်တိုက်ခိုက်ခဲ့ ပါတယ်၊ လုံခြုံ ရေးအရ အချက်အလက်အကုန်တော့ပြောပြလို့မရဘူးပေါ့၊ တိုက်ပွဲအစကနေ အဆုံးအထိ ကျနော်တို့ YDF ရော၊ ရခိုင့်တပ်တော်ရော သူတို့ နဲ့အတူတူ ပူးပေါင်းပြီးမှ တိုက်ပွဲဝင်ခဲ့တာပါဗျ၊ တိုက်ပွဲကာလ ကတော့ ၃ ပတ် လောက် ကြာသွားတယ်၊ စခန်းကုန်းကျအောင်အထိ၊ သူတို့(စစ်ကောင်စီ) ဘက် အညံ့ခံ သည်အထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တိုက်ပွဲ တွေ လည်း ဆက်လက်ပူးပေါင်းတိုက် ခိုက်နေပါတယ်” ဟု ယောဒေသ ကာကွယ် ရေး တပ်ဖွဲ့- YDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံ သို့ ပြောကြားသည်။

ထိုကဲ့သို့ စစ်ရေး အတွေ့အကြုံနှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော်ကို YDF က ကျေးဇူးများ စွာ တင်ရှိပါကြောင်း တောင်ရှည်တောင်ဗျူဟာကုန်း သိမ်း တိုက် ပွဲသည် ကာလအားဖြင့် ၃ ပတ်ကြာ မြင့် ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၆ ရက်နေ့တွင် တောင်ရှည်တောင်ဗျူဟာစခန်းအား အပြီးသတ် သိမ်းပိုက် ခဲ့ရာတွင် YDF တပ်ဖွဲ့က ဗျူဟာကုန်းတစ်ခုလုံးအားသိမ်းပိုက် လိုက်သည့် အချိန်အထိ တက် ကြွစွာပါဝင်ခဲ့ကြောင်း ယောကာကွယ်ရေးတပ် – YDF က ပြောသည်။

ယောကာကွယ်ရေးတပ် – YDF ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ယောဒေသ နေ လူငယ်များမှ ဦးဆောင်၍ဖွဲ့စည်းခဲ့သော အဖွဲအစည်း တစ်ခုဖြစ်ပြီး မည်သည့်အဖွဲအစည်း၏ လက်အောက်ခံမဟုတ် ဘဲ ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် ဖွဲစည်းတည်ထောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စတင် ဖွဲ့စည်းသည့် အချိန်မှစ၍ ယောကာကွယ်ရေးတပ်၏ ပြည်သူလူထု အပေါ် သစ္စာရှိမှု၊ ရိုးသားမှု၊ အများ ပြည်သူများ၏ လိုအပ်ချက်များကို ကူညီပေးမှု၊ ပြည်သူများကိုစောင့်ရှောက်ပေးမှုများကြောင့် ပြည်သူ များမှ ယုံကြည်ကိုးစားမှုများနှင့် ထောက်ခံမှုများကို တစနှင့် တစရရှိလာခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင်တော်လှန် ရေးလမ်းစဉ်ဖြင့် အမြစ် ပြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေမှုကို ပြည်သူလူထု ကြီးက လည်း အားပေးထောက်ခံလာခဲ့ သည်မှာ နှစ်နှစ်ကျော်ကြာလာ သည့်တိုင် အခက် အခဲမျိုးစုံကြားမှ ခိုင်မာစွာဖြင့်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီးပြည် သူများ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက် လာ ရေး အတွက် တိုက်ပွဲပေါင်းများစွာကို ရာချီဆင်နွှဲနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရ သည်။

လက်ရှိတွင် ယောကာကွယ်ရေးတပ် – YDF တဖွဲ့တည်း တိုက်ခိုက်နေခြင်းထက် လက်နက် အင်အား သာလွန်ပြီး အင်အားကြီးမားသည့် ဘုံရန်သူ အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်ရာတွင် တော်လှန် ရေး အဖွဲအစည်းများ အချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ပူးပေါင်းတိုက်ခိုက်ကြပါက အောင်ပွဲသည် အချိန်တို တို အတွင်း ရရှိနိုင်သည်ဟူသော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်တို့ကို စံနမူနာယူပြီး မဟာမိတ်အဖွဲအစည်းများနှင့်အတူ အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပူးတွဲ စစ်ဆင်ရေး များ ထိရောက်အောင်မြင်စွာ လုပ်ဆောင် လျက်ရှိ ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article