27.4 C
Yangon

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိထားကြောင်း MNDAA ထုတ်ပြန်

Must read

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိထားကြောင်း MNDAA ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိထားကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် MNDAA ၊ TNLA ၊ AA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးပွဲ များ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်အခတ်ရပ်စဲရေး ၊ စစ်ရေးတပ်ဖွဲ့ဝင် အချင်းချင်းကြားထိတွေ့မှု မရှိစေရေး ၊ အငြင်းပွားမှုများနှင့် လိုလားချက်များကို ငြိမ်းချမ်းသည့် တွေ့ဆုံ ဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ တရုတ်နိုင်ငံ၏ မြန်မာပြည်ရှိ ရင်းနှီးမြှုပ်နှံ့မှုနှင့် တရုတ်နိုင်ငံသားများ၏ အသက်အန္တရာယ် များ အကာအကွယ်ပေးရန် ကတိကဝတ်ပြုပါကြောင်း၊ အပစ်အခတ်ရပ်စဲပြီး နောက် နှစ်ဦးနှစ်ဖက်မှ အခြေအနေလိုအပ်ချက်အရ ဆွေးနွေးပွဲများဆက်လက်ကျင်းပပြီး အခြားကိစ္စများ ထပ်မံညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #TNLA #AA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article