27 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ သေဆုံးသွားသော စစ်သား အလောင်းများကို ကျွန်းတောကြီးရွာရှိ နေအိမ်များ အတွင်းထည့်ကာ မီးရှို့အလောင်းဖျောက်

Must read

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ သေဆုံးသွားသော စစ်သား အလောင်းများကို ကျွန်းတောကြီးရွာရှိ နေအိမ်များ အတွင်းထည့်ကာ မီးရှို့အလောင်းဖျောက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တဲစုရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းကျကျေးရွာအနီးတွင် ဒေသတော်လှန်ရေး တပ်ဖွဲ့များက နံနက် ၉ နာရီ ၂၀ ခန့်က စတင်ကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၀ ခန့်အထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦး ထက်မနည်း သေဆုံးကာ ၁၀ ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲပြီး သေဆုံးသွားသော စစ်သား အလောင်းများကို ကျွန်းတောကြီးရွာရှိ ပြည်သူပိုင် နေအိမ်များ အတွင်းထည့်ကာ မီးရှို့အလောင်းဖျောက်သွားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်နေတုန်း စစ်ခွေးတွေက ရေဦးတိုင်းရင်းကနေ ၁၂၀ မမလက်နက်ကြီးနဲ့ အလုံးရေ ၂၀ ခန့်လောက် ပစ်ကူပေးလို့ တိုက်ပွဲရပ်နားပြီး တော်လှန်ရေး ရဲဘော်တွေ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရတယ်။ ရဲဘော်တစ်ဦးပဲ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ် မစိုးရိမ်ရဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး အမှတ် ၂ လှုပ်ရှားတပ်စိပ် ၊ ရွှေဘိုခရိုင်တပ်ရင်း ၃ ၊ ခင်ဦးမြို့နယ် ပလဖအဖွဲ့ ၊ နယ်မြေခံ ပကဖအဖွဲ့များ ၊ ရွှေဘိုခရိုင်တပ်ရင်း ၃ မှ Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း ၊ ARF အဖွဲ့မှ Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင် ပြည်သူ ၄ ဦးဖြစ်သည့် မြင်းကျရွာမှ ဦးလှဝင်း နှင့် ဦးမြင့်ဆွေ ၊ ကျွန်းတောကြီးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး မယဥ်ယဥ် နှင့် ကားဆိပ်ရွာမှ ဒေါ်ယဥ်မိုး တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

Photo – Inter Khin U

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #People’sDefenseComrade #Drone #ARF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article