တရုတ်၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ရှမ်းမြောက်ဒေသ တစ်ခုတည်းတွင် အပစ်ရေး သဘောတူညီ
■ စစ်ကောင်စီက ရှမ်းမြောက်ဒေသရှိ ညီနောင် ၃ ဖွဲ့ ထိန်းချုပ်၊ သိမ်းပိုက်ထား သောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူ
ရန်ကုန်၊ ဇန်နဝါရီ ၁၂
တရုတ်၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့အကြား “Haigeng Agreement” ဟိုင်ဂင်သဘောတူညီချက်ဟုခေါ်ဆိုသော ရှမ်း မြောက် ဒေသတစ်ခုတည်းတွင်သာ အပစ်ရပ်ရေး သဘောတူညီချက် ရရှိ ကြောင်း ညီနောင် မဟာ မိတ် ၃ ဖွဲ့က ကြေညာသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တိုသည် တရုတ်နိုင်ငံ၊ ကူမင်းမြို၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့များတွင် ” ဟိုင်ဂင်သဘောတူညီမှုများ” ကို ၂ ရက်တာ တွေ့ဆုံ ဆွေးနွေးခဲ့ ကြကြောင်း၊ ဤတွေ့ဆုံမှုသည် တတိယအကြိမ်ဆွေးနွေးပွဲ ဖြစ် ကြောင်း သိရှိရသည်။
နှစ်ဖက် သဘောတူညီချက်အနေဖြင့်
(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ ညနေ ၉ နာရီခန့်မှစတင်၍ နှစ်ဖက် တပ် များ ချက်ချင်းအပစ်ရပ်စဲရေး၊
(၂) နှစ်ဖက်တပ်ဖွဲဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊
(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး စသည့်အချက် များအပေါ် သဘောတူညီမှုများရရှိခဲ့ကြကြောင်း သိရှိရသည်။
ထိုသိုသဘောတူညီမှုရရှိစေရန်အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်း မြောက် ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ် ဆင်တိုက်ခိုက်မှုများ ကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီ ဘက်မှလည်း ရှမ်းမြောက် ဒေသရှိ မိမိတို့ ၏ ထိန်းချုပ်၊ သိမ်းပိုက်ထား သော နေ ရာများ အားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ ကြ ကြောင်း သိရှိရသည်။
ထို့အတူ နှစ်ဖက်အဖွဲအစည်းက တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြကြောင်း၊ နှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက် ဆွေးနွေးသွားရန် သဘောတူခဲ့ ကြကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #HaigengAgreement #NSPNC #MNDAA #TNLA #AA
