25.7 C
Yangon

တောင်ငူမြို့ပေါ် မိုင်ဒါကွင်းတွင် လောင်းကစား၀ိုင်းများကို စစ်ကောင်စီနှင့် မြို့နယ်ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ခွင့်ပြု

Must read

တောင်ငူမြို့ပေါ် မိုင်ဒါကွင်းတွင် လောင်းကစား၀ိုင်းများကို စစ်ကောင်စီနှင့် မြို့နယ်ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ခွင့်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ် မိုင်ဒါကွင်းတွင် လောင်းကစား၀ိုင်းများကို စစ်ကောင်စီ နှင့် တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက် အစီအစဉ်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ ၇၆ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားကို အကြောင်းပြကာ တောင်ငူမိုင်ဒါကွင်းတွင် လောင်းကစား၀ိုင်းများ မျိုးစုံကို ပွဲတော်တစ်ခုသဖွယ် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး လက်ရှိလည်း ဆက်လက် ဖွင့်လှစ်ခွင့် ပြုနေကြောင်း၊ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အဆိုပါ လောင်းကစား၀ိုင်းများကို ဗုံးခွဲတုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော်လည်း လောင်းကစား၀ိုင်းများကို ရပ် တန့်ခြင်းမရှိဘဲ ဆက်လက် ဖွင့်လှစ်နေကြောင်း သိရှိရသည်။

“တောင်ငူမြို့ပေါ်မှာ အခုအခါ ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေချိန် အခါ တောင်ငူမြို့နယ် ရဲမှူးက တောင်ငူမြို့ မိုင်ဒါးကွင် အာဝါးဒေး အနေနဲ့ ဘောလုံး၊ မြှားပစ်၊ ဂေါက်ဂတ်၊ စက်ပန်း ၆ ကောင်၊ မဲဖေါက် စတဲ့ လောင်း ကစား မျိုးစုံကို ဖွင့်လှစ်ခိုင်းထားပြီး မြို့ပေါ်မှာလည်း မူးယစ်ဆေးဝါးတွေ ပေါများလာမှုကြောင့် ဆိုင်ကယ်တွေ နေ့စဥ် ပျောက်လျက်ရှိပါတယ်။ မိုင်ဒါ ကွင်း အနီးမှာ ဗုံးများ ၂ ကြိမ်ကွဲပေမယ့်လည်း အားဝါးဒေး လောင်းကစား ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ပြည်သူတွေက ခိုးမှု၊ လုယက်မှုတွေ များပြားလာတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တောင်ငူ မိုင်ဒါကွင်း လောင်းကစား၀ိုင်းများ မိုင်းကွဲပြီးနောက် လောင်းက စားဝိုင်း များကို မြို့နယ်ရဲတပ်ဖွဲ့နှင့် စစ်တပ်က လုံခြုံရေး ယူပေးထားကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်ကောင်စီ #မြို့နယ်ရဲတပ်ဖွဲ့ #တောင်ငူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article