အရာတော်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ဆေးရးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အထွေ ထွေ အုပ်ချုပ် ရေး မှူးရုံးနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အရာတော်မြို့ ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ၁၂၀ မမ ဗုံးသီးတစ်လုံး၊ အရာတော်မြို့မြောက်ဘက် စစ်ဆေးရေးဂိတ်တွင် ဝါးချွန်များစိုက်ထူပြီး ခံစစ်ပြင်နေသဖြင့် ဗုံးသီး ၁ လုံးတို့ကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု ကို စုံစမ်းနေဆဲ ဖြစ်ပြီး အရာတော်မြို့ပေါ်ရှိ စစ်တပ် တပ်ရင်း၊ ကင်းစခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force ဦးဆောင်၍ အရာတော် မြို့ နယ်၊ တိုက်နယ် အမှတ် ၄ ရဲဘော်များ၊မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊မုံရွာခရိုင် တပ်ရင်း ၁၉ တို့ပူးပေါင်း ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BGSAyadawDroneForce