28 C
Yangon

ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်းခငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို နာရေးကား၊ အိမ်စီးကားတို့ဖြင့် ငါန်းမြာရွာဘက်ကို သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ) ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့ ၊ CDSOM – ငါန်းဇွန်တပ်ခွဲ (NRF) ၊ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စကြာအဖွဲ့နှင့် မုံရွာခရိုင် တပ်ရင်း (၁၅) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #925 #TGYR #CDSOM #NRF #အားမာန်သစ်ပျောက်ကျားအဖွဲ့ #ငန်းနက်ပျောက်ကျားအဖွဲ့ #လက်ရုံးပျောက်ကျားအဖွဲ့ #ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ #ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ #ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ #ငါန်းဇွန် #တော်လှန်ရေးတပ်ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article