မင်းပြားမြို့ပေါ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် နေအိမ်များ မီးလောင်နေ၊ မြောက်ဦးမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁၀ လုံးကျော်ပျက်စီး
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မင်းပြားမြို့ပေါ်ရှိ ဦးစိုးတင့် ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ Mi – 35 ရဟတ်ယာဥ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မြောက်ဦးမြို့ရှိ ထမ္မရာဇ်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်၏ မြောက်ဦး အခြေစိုက် ခမရ တပ်ရင်းများဖြစ်သော ၃၇၇ နှင့် ၃၇၈ တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁၀ ထက်မနည်း ထိမှန်ပျက်စီးခဲ့ကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA #Mi35 #မင်းပြားမြို့ #ညီနောင်မဟာမိတ် #အကြမ်းဖက်စစ်တပ်


