ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ တွင် မွမ်းမံသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲကျင်းပ
ရန်ကုန်၊ ဇန်နဝါရီ ၁၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ တပ်ခွဲ ၂ တွင် မွမ်းမံသင်တန်း ပေးကာ သင်တန်းဆင်းပွဲနှင့်အတူ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက် နေ့က ကျင်းပခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ သင်တန်းကို ပခုက္ကူမြို့နယ်အတွင်းရှိ Local PDF တပ်ဖွဲ့ ၈ ဖွဲ့မှ ရဲဘော်များက တက်ရောက် ခဲ့ခြင်းဖြစ်ပြီး မွမ်းမံသင်တန်းဆင်းပွဲနှင့်အတူ ပခုက္ကူမြို့နယ် ပကဖတပ်ခွဲရှိ လက်နက်များကို သင် တန်းဆင်းရဲဘော်များအား တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တစ်စုံတစ်တစ်ယောက် တစ်ဦးတစ်ဖွဲ့ကို ကိုယ်စားပြုမည်မဟုတ်ပဲ ပြည်သူလူထု တစ်ရပ်လုံးအတွက် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရ သည်။
“အခုတပ်ဆင်ပေးတဲ့ လက်နက်တွေက ပြည်သူတွေက ကျနော်တို့ တပ်ဖွဲ့ကို လှူဒါန်းပေးထားတဲ့ အထဲကနေ ပြန်မျှပေးတာ၊ ဒီလက်နက်တွေက NUG က ပေးတာလည်းမဟုတ်ဘူး၊ ကျနော်တို့တပ်ဖွဲ့ မှာ ရှိတဲ့လက်နက်ကို ၃ ပုံ ပုံပြီး ၂ ပုံကို ပြန်ခွဲပေးတာ၊ မရှိတဲ့အဖွဲ့တွေကိုပေါ့၊ ကျနော်တို့မှာ တစ် လက်ရှိရင် တခြားမရှိတဲ့အဖွဲ့ကို တလက်မျှပေးရတာ၊ ကျနော့်အဖွဲ့တစ်လက်တိုးရင် အဲဒီတစ်လက် ကနောက်တစ်ဖွဲ့ရမှာပဲ၊” ဟု၏ Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Young Force – UG တပ်ဖွဲ့အနေဖြင့် MOD ၏ လမ်းညွှန်မှုကို ခံယူကာ ပခုက္ကူမြို့နယ်ပကဖ အဖြစ် သို့ ပြောင်းလဲလိုက်သည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့်မိဘပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း အသိပေးထားသည်။
ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ – Young Force – UG တပ်ဖွဲ့ကို ဆက်သွယ်လိုပါက –
https://www.facebook.com/profile.php?id=100092699054696
Messenger မှ တဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #YoungForceUG #MOD #LocalPDF


