29.1 C
Yangon

ပေါက်ခေါင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးနှင့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ပေါက်ခေါင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးနှင့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးနှင့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့​ကြောင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ ၁ ထံမှ သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့ပေါ်မှ လက်ကြီးရွာကို အင်အားဖြည့်ရန်တက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးနှင့် ကား ၂ စီးကို လက်ကြီး၊ ညောင်ကုန်းနှင့် အောင်ပင်လယ်ရွာ အကြားတွင် ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်းတပ်ခွဲ (၁) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရှေကို ဆက်လက် ထွက်ခွာလာပြီး လက်ကြီးရွာတွင် တပ်ဆွဲကာည ၉ နာရီ ၄၀ မိနစ်ခန့်တွင် အကြောင်းမဲ့ နတ်ရေတွင်းကျေးရွာကို လက်နက်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #3601PPDF #ပေါက်ခေါင်း #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article