ကလေးမြို့နည်းပညာတက္ကသိုလ် စစ်တပ်ဂိတ်က အမျိုးသမီးနှစ်ဦး ကိုဖမ်းဆီး၊ လောင်းလုံးတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်
ရန်ကုန်၊ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်၊ နည်းပညာတက္ကသိုလ် စစ်တပ်ဂိတ်က အမျိုးသမီးနှစ်ဦးကို ဇန်နဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” သားအမိနှစ်ယောက် ကလေးမြို့ကနေ သူတို့ရွာအပြန်မှာအဖမ်းခံရတာ။ သမီးဖြစ်သူက ဆယ်ကျော်သက်အရွယ်ပဲရှိဦးမယ်။ ဖုန်းထဲမှာ တစ်ခုခုတွေ့ လို့ဖမ်းတာလို့သိရတယ်” လို့ ကလေးတောင်ပိုင်း ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ ကလေးမြို့တောင်ပိုင်း ထောက်ကြံ့ ကျေးရွာ က ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ရိုက်နှက် စစ်ဆေးတာ တွေရှိတယ် လို့လည်း နီးစပ်သူတစ်ဦးကပြောပါတယ်။
” သူတို့က ရိုးရိုးအရပ်သားတွေပါ။ ကလေးမြို့ကိုစျေးဝယ်သွားတာကနေ အပြန်မှာ ဖမ်းဆီးခံရတာပါ။ သူတို့က ကလေးတောင်ပိုင်းကဟာတွေဆို အငြိုး ထားပြီး ဖမ်းတဲ့သဘောပါ” လို့ ကလေးတောင်ပိုင်း ဒေသခံ အမျိုးသမီး တစ်ဦး ကပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကလေး မြို့တောင်ပိုင်း မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် ခဲ့ ပြီးကတည်းက ကလေးတောင်ပိုင်းအားလုံးနီးပါးကို ဒေသခံကာကွယ်ရေးတပ်တွေက ထိန်း ချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့အနောက်ပိုင်းနဲ့ ကလေးမြို့ ထွက် တောင် ပိုင်းတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးလေ့ရှိပြီး ဖမ်းဆီးပြီး ငွေညစ်တာတွေ၊ ရိုက်နက်တာတွေလည်း မကြာမကြာကျူးလွန်လေ့ရှိတယ်လို့ ကလေးမြို့ခံ တွေ ဆီ ကသိရပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်က အောက်ကျောက်ဝပ်ရွာသား ၁ ဦးကို ဖမ်းဆီး သတ် ဖြတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မွှေနှောက် ရှာဖွေ ခြင်းများ လုပ်ဆောင်ကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ လုယက် မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
အဲဒီ စစ်ကြောင်းက ဇန်နဝါရီ ၁၁ ရက်နေ့တွင် အောက်ကျောက်ဝပ်ရွာအနီး ရောက်ရှိလာစဥ် ကျေးရွာနေ ပြည်သူ ကိုကျော်နိုင်ကို သေနတ်ဖြင့် အကြောင်းမဲ့ လိုက်လံ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
” လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာသား ကိုကျော်နိုင်ကို စစ်ခွေးတွေ ပစ်သတ်တာဟုတ်တယ်။ စစ်ခွေးစစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတာပါ။ အခုထိ စစ်ကြောင်းက မဆုတ်သေးဘူး”လို့ လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုပါတယ်။
အဲဒီ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်နီမော်၊ ကျောက်ဝပ်ပြင် အနီးအနားတွင် ရှိနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ- လောင်းလုံးတွင် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှု ခံရသည့် ကိုကျော်နိုင်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #ကလေးမြို့ #စစ်ကောင်စီ #နည်းပညာတက္ကသိုလ်
