28 C
Yangon

ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၈ မိနစ်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း က SBB14B Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိနိုင်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ငယ် ၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #SBB14BRocket #ရေဦးမြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article