30 C
Yangon

ခင်ဦးမြို့ပေါ်ရှိ မြို့နယ်မှူးရုံး၊ ရဲစခန်း၊ ဆေးရုံနှင့် ပျဉ်ထောင်ပျူစောထီးရွာတို့ကို ၂ ရက်ဆက်တိုက် ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ခင်ဦးမြို့ပေါ်ရှိ မြို့နယ်မှူးရုံး၊ ရဲစခန်း၊ ဆေးရုံနှင့် ပျဉ်ထောင်ပျူစောထီးရွာတို့ကို ၂ ရက်ဆက်တိုက် ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့ပေါ်ရှိ မြို့နယ်မှူးရုံး၊ ရဲစခန်း၊ဆေးရုံနှင့် ပျဉ်ထောင်ရွာ ပျူစော ထီး စခန်းကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၄ နာရီခန့်က ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာ ပျူစောထီးစခန်းကို ၆၀ မမ ဗုံးသီး ၄ လုံး နှစ်ကြိမ်၊ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီခန့်က ၆၀ မမဗုံးသီး ၆ လုံး ကို ဒရုန်းဖြင့် ၃ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ပြီး ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား၊ ရဲများ အထိုင်ချ တပ်စွဲထားရာ မြို့နယ်မှူးရုံး၊ ဆေးရုံးနှင့် ရဲစခန်းတို့ကို ၆၀ မမ ဗုံးသီး ၆ လုံး ၃ ကြိမ်ကျချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ခွေးသေထိခိုက်မှုကတော့ မသိရသေးဘူး၊ ခွေးတွေဘက်က လက်နက်ငယ်၊ ပွိင့် ၅ နဲ့ပြန်ပစ်တယ်၊ ကျနော်တို့အဖွဲ့ရှိမယ်ထင်တဲ့နေရာတွေကို ပစ်တာ၊ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး၊ နေ့မနား ညမနား စစ်ခွေးတွေကို ကြုံရင်ကြုံသလို တိုက်ခိုက်သွားမှာပါ၊ ဌာနဆိုင်ရာတွေအနေဲ့ အမြန် ဆုံး CDM ဝင်ကြဖို့ ပြေချင်ပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ် ကောက် ရိုးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုး ဗုံးသီး ထုတ်လုပ်ရေးအဖွဲ့၊ ကျောက်ဆည်ခရိုင်နဂါးနီတပ်ရင်း ၁ ၊ Lighting Drone Force ၊ Feature Hero အဖွဲ့နှင့် ခင်ဦးမြို့နယ်ပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #EagleGuerillaForce #CDM #LightingDroneForce #FeatureHero #ခင်ဦးမြို့ #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article