ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စုရှိ တောင်ခမောက် ကျေးရွာနှင့် မအူကွင်းကျေးရွာတို့ကို စစ်ကောင်စီက ပြည်သူ့ စစ်ဖွဲ့ရန် ငြင်းပယ် မှု၊ တပ်သားသစ် စုဆောင်းမပေးမှုတို့ကြောင့် ကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မအူကွင်းကျေးရွာကိုလည်းကောင်း၊ ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းတွင် တောင်ခမောက်ကျေးရွာကိုလည်းကောင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြောင်း သိရှိရသည်။
“စစ်ခွေးတွေနေ့လည်ဘက် မီးဝင်ရှို့တာ မအူးကွင်းတရွာလုံး ပြာကျသွားပါပြီ။ ညပိုင်းမှာ တောင်ခမောက်ရွာကို မီးဝင်ရှို့ပါတယ်။
နတ်ရေတွင်းရွာလေးကလည်း ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်။ ရွာတွေအားလုံးကတော့ ာလုံးအသက်လုပြေးနေရပါတယ်။ အဓိက ပျူစောထီးဖွဲ့တာမပါလို့ စစ်တပ်က ရမ်းကားတာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပဲခူးတိုင်းအပါအဝင် တစ်နိုင်ငံလုံးတွင် ပြည်သူ့စစ်များ ဖွဲ့စည်းခြင်း၊ တပ်သားသစ်စုဆောင်းခြင်းများကို ယခု ဇန်နဝါရီလမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်ကောင်စီ #ပေါင်းတည်မြို့နယ်