28 C
Yangon

ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး မူဆယ်တွင် စစ်အင်အားဖြည့်တင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်၍ စစ်ကောင်စီ တပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား အပစ်ရပ်ထားသည်ဟု ဆိုသော် လည်း စစ်တပ်က ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အပြင် မူဆယ်တွင် စစ်အင်အားဖြည့်တင်း နေကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၈၀ သို့ ရောက်ရှိ လာချိန် ရှမ်းမြောက်နယ်မြေဒေသများတွင် လတ်တလောစစ်ရေး အခြေအနေ အရ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ရှိမနေသော်လည်း စစ်တပ်က အရပ်သား ပြည်သူများနှင့် မြို့၊ ရပ်ရွာများအား ပစ်မှတ်ထား တိုက်ခိုက်နေမှု များမှာ ထူးမခြားနား ဆက်လက်ရှိနေခဲ့ကြောင်း ၊ ရှမ်းမြောက်ဒေသတွင်းရှိ မိုးကုတ်မြိုနယ်၊ ဖြူရောင်‌ကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီ တပ်က ယမန်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန်ခန့်တွင် အထက် ညောင်ကုန်း ကျေးရွာနှင့် ကုန်စံကျေးရွာကြားသို လက်နက်ကြီးဖြင့် ၁ ကြိမ် ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း၊ အလားတူပင် လားရှိးမြို့နယ်ရှိ စစ်ကောင်စီတပ်ကလည်း ယမန်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် တအာင်းတပ်မ‌တော် (TNLA) ရှိရာ နမ့်ကွန်ကျေးရွာအနီး တစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ၄ ကြိမ်တိုင် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့သို့ စစ်တပ်က ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်း၊ စစ်အင်အား ၁ ကြိမ် လာရောက်ဖြည့်တင်းခဲ့ကြောင်း သိရှိရ သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #ရှမ်းပြည်မြောက်ပိုင်း #စစ်ကောင်စီတပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article