26 C
Yangon

စဥ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာကို ရော့ကတ်အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

စဥ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာကို ရော့ကတ်အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာစခန်းကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက် နံနက် ၇ နာရီခန့်က စဉ့်ကူးမြို့နယ်၊ မန္တလေး – ကသာ-ထီးချိုင့်-ဗန်းမော်လမ်းမ ပေါ်ရှိ ရွာသာယာပျူရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အဆင့်မြှင့်စမ်း သပ် Rocket ဒုံး အလုံး ၂၀ ဖြင့် စမ်းသပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ အဲဒီရွာက ပျူရွာဖြစ်လို့ သိရဖို့ ခက်ခဲတယ်ဗျ၊ တိုက်ခိုက်ချိန်မှာတော့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်၊ ရွာရဲ့တောင်ဘက် အိမ်တ်တစ်လုံး မီးလောင်နေတာ မျက်မြင် အတည်ပြုနိုင်ခဲ့ပါတယ်၊ ထိခိုက်မှုစာရင်းကတော့ ဆက်လက်စုံစမ်းဆဲပါ။ ထိရောက်မှုကတော့ အား မရ သေးဘူးဗျ၊ မဟာမိတ်တွေ ထုတ်လုပ်ထားတဲ့ လက်လုပ်အဆင့်မြင့် Rocket တွေကို စမ်းသပ်ပစ် လွှတ်ခဲ့ တာပါ၊ အခုမစ်ရှင် အပေါ်မှာ အတွေ့အကြုံယူပြီး ဒီထက်ပိုပြီး အဆင့်မြင့်သွားမှာပါ၊ ”ဟု No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ယင်းပျူစောထီးရွာသည် မန္တလေးမှ အထက်ပိုင်း ဗန်းမော်၊ ကသာ၊ ထီးချိုင့် စသည့် ကချင်ပြည်နယ်ဖက်ခြမ်း သို့ ရိက္ခာပို့ရာတွင် တစ်ထောက်နားသည့် နေရာဖြစ်ပြီး ရှိန်းမကား စစ်ကောင်စီတပ်စခန်းနှင့် မြစ် အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် အင်အားဖြည့်သည့်နေရာဖြစ်ကြောင်း သိရသည်။

ထို့ပြင် အနီးအနားရှိ ကျေးရွာများကို ၂ လအတွင်း ၅ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည် သူများကိုလည်း မကြာခဏသတ်ဖြတ်မှုပြုလုပ်လျက်ရှိပြီး ပျူစောထီးများကို စစ်သင်တန်းပေးခြင်း၊ စစ်ရေးလေ့ကျင့်ပေးခြင်းများကိုလည်း ပြုလုပ်ပေးသည့်နေရာဖြစ်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို “No More Dictatorship People Defence Force_ NMD” နှင့် Urban Special Operation (USO စစ်ဆင်ရေး) ၊ Security & Special Task Force (SSTF-MDY) ၊ ပြင်ဦး လွင်ခရိုင် ပကဖ နှင့် စဉ့်ကူးမြို့နယ် ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No More Dictatorship People Defence Force_ NMD အနေဖြင့် မဟာမိတ်များ ထုတ်လုပ်သော အဆင့်မြှင့် စမ်းသပ် Rocket ဒုံး များဖြင့် စစ်ရေးအရှိန် တိုးမြင့်သွားမည် ဖြစ်ကြောင်း အသိပေးထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article