30 C
Yangon

စစ်တွေလေဆိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိ၊ ဗုံးကွဲပြီးနောက် နာရေးကားများ ဝင်သွား

Must read

စစ်တွေလေဆိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိ၊ ဗုံးကွဲပြီးနောက် နာရေးကားများ ဝင်သွား

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမြို့ လေဆိပ်တွင် ယမန်နေ့ညပိုင်း ဗုံးပေါက် ကွဲမှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း လေဆိပ် သတင်းရ င်းမြစ်တချို့နှင့်ဒေသပြည်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီကျော်အချိန် စစ်တွေလေဆိပ်တွင် ဗုံးပေါက် ကွဲ မှုဖြစ်ပွားကြောင်း၊ ဗုံးမှာ ရှော့တိုက်ဒုံးလား၊ ဒရုန်းဗုံးလားဆိုသည်ကို သေချာ စွာ မသိရှိရကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နာရေးကားတချို့ လေဆိပ် အတွင်း ဝင်ရောက်သွားပြီး စစ်သားများ သေဆုံးထိခိုက်နိုင်သည်ဆိုသော သတင်း များ သိရှိထားကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

“စစ်ခွေး ၅ ကောင် ထိတယ်လို့ပြောတယ်။ နာရေးကားတွေဝင်သွားတယ်။ ဒရုန်း ဗုံး လား၊ ရှော့တိုက်ဒုံးလားတော့မသိဘူး။ စစ်တွေလေယဉ် ကွင်းရဲ့ ထိန်း ချုပ်ရေးစင်တာကို ထိမှန်တာလို့ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြ သည်။

လက်ရှိတွင် စစ်တွေလေဆိပ်ကို စစ်တပ်နှင့်ရဲများက အင်အားတိုးမြှင့်၍ လုံခြုံ ရေး တင်းကျပ်ထားပြီး စစ်တွေလေဆိပ်အနီးဝန်းကျင်ရှိ ရပ်ကွက်များမှ အုပ် ချုပ် ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ခေါ်ယူ၍ တွေ့ဆုံမှုများ ရှိ ကြောင်း၊ လေဆိပ်ဝန်းကျင်ရှိ ရပ်ကွက်များသို့ စစ်တပ်နှင့်ရဲများက စစ်ဆေးမှု တချို့ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article