30 C
Yangon

ဝေါမြို့နယ်ရှိ ပျူစောထီးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက်သိမ်းဆည်းရရှိ

Must read

ဝေါမြို့နယ်ရှိ ပျူစောထီးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုတ်ဖို ၃ ကျေးရွာအထွက်ရှိ ပျူစောထီး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်က ဝေါမြို့နယ် အုတ်ဖို – ၃ ကျေးရွာ အထွက် ရှိ ပျူစောထီး ၇ ဦး‌ကျော် လုံခြုံရေး ယူထားသော စစ်ဆေးရေး ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ ကိုးလုံး လက်လုပ် သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် အတွင်းရှိ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သနပ်ပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် အင်းတကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးများ ပြန်လည်ပစ်ခတ်နိုင်ခြင်း မရှိဘဲ သေဆုံးဖမ်းဆီးခံရပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိသော ပျူစောထီး ၃ ဦးကိုလည်း စစ်သုံ့ပန်း ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း Bago Region PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article