လောင်းလုံးရှိ စစ်ဘေး မီးဘေးသင့်ပြည်သူများကို လောင်းလုံး ပကဖ စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့က စားသောက်ကုန်များ ထောက်ပံ့
ရန်ကုန်၊ ဇန်နဝါရီ ၁၆
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသော မီးဘေး စစ်ဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ ၊ နှင့် အခြေခံစားသောက်ကုန်များကို လောင်းလုံး ပကဖ စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့ က ထောက်ပို့ပြည်သူများ၏ ထောက်ပို့မှုများနှင့်အတူ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

