33 C
Yangon

ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး ၊ ပခုက္ကူမြို့တွင် စစ်ကြောင်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်

Must read

ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး ၊ ပခုက္ကူမြို့တွင် စစ်ကြောင်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံနှင့် ပျူစောထီးကျေးရွာ ၂ ရွာကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ခင်ဦးမြို့ပေါ်ရှိ ရဲစခန်း၊ အထွေထွေအုပ် ချုပ်ရေးမှူးရုံးနှင့် ခင်ဦးမြို့ဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်း ဖြင့် ၃ ကြိမ် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦးသေဆုံးပြီး ပျူစောထီး အမျိုးသမီး ၁ ဦး ပေါင်ကို ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ညနေ ၆ နာရီ မိနစ် ၅၀ အချိန်တွင် ခင်ဦးမြို့နယ်၊ ပျဉ် ထောင်ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးသီး ၁၀ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကြက်သား ချက်စားနေသည့် ပျူစောထီးအုပ်စုအတွင်း ၂ လုံး တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံး ကာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပျဉ်ထောင်ပျူရွာကို ချတော့ ကြက်သားချက်စားနေတဲ့ ပျူတွေက ငါတို့အပေါ် မကျဘူး၊ အေးဆေး လို့ ပြောနေတဲ့အချိန် တည့်တည့်ကျသွားတော့ ကယ်ကြပါအုံးဆို့ပြီး အသံတွေဆူညံနေတယ်လို့ သိရတယ်၊ ပျူတစ်ဦးသေတယ်၊ တစ်ဦးက‌ ခြေ ထောက်ဖြတ်ရတယ်၊ ၃ ဦးက အပြင်းအထန်ရတယ်” ဟု ရွှေ ဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက် ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ ၂၄ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူရွာကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုး အဖွဲ့(ဗုံး သီး ထုတ်လုပ်ရေး)၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ Lighting Drone Force ၊ Feature Hero၊ ခင်ဦး KSO နှင့် ခင်ဦးတိုက်နယ် ၃ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မကျည်းကန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်း ဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ – Young Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက် နေ့က ကမ္မမြို့မှ ပခုက္ကူမြို့သို့ ပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို မကျည်းကန်ကျေးရွာအထွက်အရောက် မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် လိုက်လံဖုန်းကျဲတိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင် ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီစစ်ကြောင်းကို မိုင်းဆွဲတာက ကျနော်တို့တစ်ဖွဲ့ထဲကို ၂ ခါ ၃ ခါလောက်ရှိတယ်၊ တခြားအဖွဲ့တွေ ရောဆိုရင် အများကြီးပဲ၊ အသွားရော အပြန်ရော အဆွဲခံရတာ၊ ပခုက္ကူကနေ ကမ္မ၊ ကမ္မကနေ မြိုင် ဘက်အထိသွားပြီး မြိုင်ကနေ ကန်နီပျူရွာကို ရိက္ခာသွားပို့တဲ့စစ်ကြောင်း၊ ကနီအထိတောင်မရောက်ဖူး၊ စက် မှုပဲရောက်တာ၊ စက်မှု ၂ ကနေ ထွက်လာပြီးတော့ မကျည်းကန်ရွာပတ်ဝန်ကျင်ပေါ့၊ ထွက်ပြီး တော့ ကြားထဲတွေမှာဆွဲတာပေါ့၊ ဟိုနေ့က ကားတစ်စီးထားခဲ့ရတဲ့စစ်ကြောင်း၊ ခွေးသေထိခိုက်က တော့မသိရသေးဘူး၊ အဲဒီစစ်ကြောင်းက အသွားရောအပြန်ရောထိတာဆိုတော့ ထိခိုက်ဒဏ်ရာရတဲ့ သူကများမှာသေချာတယ်။ သေနိုင်တဲ့သူတွေလည်းများမှာဗျ၊ အဲဒီစစ် ကြောင်းက မနေ့ညက အင်အား ၂၀ ၃၀ လောက်က ပခုက္ကူဘက်အထွက်ပြပြီးတော့ ကမ္မကိုဝင်သွားတယ်၊ ကားတန်းက တော့ ပခုက္ကူကို မနေ့က ဝင်သွားတယ်လို့ သိရတယ်” ဟု ပခုက္ကူမြို့နယ် ပကဖ – Young Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ရေလာလေးရဲစခန်းကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး မြိုင်ပကဖ တပ်ရင်းမှ ဒရုန်းလေယာဉ်ငယ် တစ်စီးနှင့် Young Force – UG တပ်ဖွဲ့မှ ဒရုန်းလေယာဉ်ငယ် တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကမ္မ (PDF)၊ မြိုင် ပကဖ တပ်ရင်း ၁ ၊ DMG နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Black Cheater (Pakokku၊ Black Cobra Force (Pakokku)၊ ThuRain-TR (Pakokku)၊ Young Force-UG တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article