26 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြင်းမူတွင် စစ်သားများ လိုက်ပါလာသော ခရီးသည်တင်ကားကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရ

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြင်းမူတွင် စစ်သားများ လိုက်ပါလာသော ခရီးသည်တင်ကားကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူရွာနှင့် ဖုတ်ကုန်းပျူမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီ ၂၄ မိနစ်အချိန်တွင် ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူရွာကို ဗုံးသီး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးထိခိုက်သေ ဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်တွင် ရွှေဘိုမြို့လေ့ကျင့်ရေး ၈ တပ်မှ စစ်ကောင်စီတပ်သားများနှင့် ခင်ဦးမြို့နယ်၊ ဖုတ်ကုန်းပျူရွာမှ ပျူစောထီးများ ပူးပေါင်းပြီး ထွက် လာသော စစ် ကြောင်းကို ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဖုန်းကုန်းပျူရွာမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ ချက်ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဖုတ်ကုန်းပျူရွာက ဟောင်ဝှစ်ဇာလက်နက်ကြီး အထိတပ်ဆင်ပေးထားတဲ့ရွာပါ၊ ချောင်းဆုံရွာ ဘက် ကိုထွက်လာတာ၊ တော်တော်တော့ ထိလောက်တယ်၊ အခုက ချောင်းရွာကို ဝင်သွားပြီ။ ချောင်းဆုံရွာ ကလည်း ပျူရွာပဲ၊ ခင်ဦးမြို့နယ်ထဲပဲပါတာ၊ ဖုတ်ကုန်းနဲ့ချောင်းဆုံကြားမှာလည်း ဒေသကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲသေးတယ်။ အဲဒီမှာလည်း ထိတယ်လို့ သိရတယ်၊ မဒေါင်းလှပျူနဲ့ စစ်ခွေးတွေ လည်း စစ်ကြောင်းတစ်ကြောင်းထွက်တယ်လို့ သိရတယ်၊ ဘယ်ကို ဦးတည်မလဲတော့ မသိရသေး ဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ Eagle Guerilla Force ဗိုလ်ကောက်ရိုး(ဗုံးသီး ထုတ်လုပ်ရေး) ၊ ကျောက်ဆည်နဂါးနီခရိုင် တပ်ရင်း ၁ ၊ Lighting Drone Force ၊ Feature Hero ၊ ခင်ဦးမြို့နယ် KSO အဖွဲ့နှင့် ခင်ဦးတိုက်နယ် ပကဖ ၃ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် ခရီးသည်တင်ကားဖြင့် ထွက်လာသော စစ် ကောင်စီတပ်သားများကို တားဆီးစစ်ဆေးရာ ရပ်မပေးသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Dog Killers People’s Defence Force Myinmu – DK PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြင်းမူမြို့မှ ခရီးသည်တင်ကား ၂ စီး ဖြင့် မုံရွာမြို့ ဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သားများကို မြင်းမူမြို့နှင့် ဝမ်းပြည့်ရွာ အကြားလမ်းမပေါ် တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးရာ ရပ်မပေးဘဲ မောင်းနှင်သွားသောကြောင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ အကြမ်းဖက် စစ်တပ်မှ အရာရှိ ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိပြီး တပ်သား ၃ မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“မြင်းမူကနေ မုံရွာဘက်ထွက်လာတာ၊ သတင်းရလို့ ကြိုစောင့်ပြီး စစ်ဆေးတာကို မရပ်ပဲ အရှိန် ပြင်း ပြင်းနဲ့မောင်းပြေးသွားတာ၊ အရှိန်ကို မလျှော့တာ။ သူတို့ဘက်ကတော့ ပြန်မပစ်နိုင်ဘူး၊ ကျနော်တို့ ဘက်က တရစပ်ပစ်တာမို့၊ ဒဏ်ရာရတဲ့သူတွေကို မြင်းမူမြို့ပေါ်က ခွေးတွေလာသယ်သွားတယ်လို့ သတင်းရတယ်၊ ကားနှစ်စီးကတော့ မုံရွာဘက်ဆက်ထွက်သွားတယ်” ဟု Dog Killers People’s Defence Force Myinmu – DK PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် အခွန်ကောက်အဖွဲ့ ၊ Dog Killers People’s Defence Force Myinmu (DK PDF-MMU) နှင့် D.B.B.F.MMU စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article