33 C
Yangon

ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းပိုင်း၌ ငွေကြေးတောင်းခံနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းပိုင်း၌ ငွေကြေးတောင်းခံနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းပိုင်း၌ ငွေကြေးတောင်းခံနေသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Asho ထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီးရှိ ဓာတ်ငွေ့ ပိုက်လိုင်းစောင့်စခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းဘူး – အမ်းလမ်းမကြီးပေါ် တက်၍ ခရီးသွားပြည်သူများထံမှ ငွေညစ်တောင်းခံလေ့ရှိသဖြင့် ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၎င်းကိုင်ဆောင်သော MA သေနတ်တစ်လက်နှင့်ခဲယမ်းများကို သိမ်း ဆည်းရရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chin Defence Force – Asho တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်း ဖက်စစ်ကေင်စီတပ်သားများသည် ကားလမ်းမပေါ်ထွက်၍ ပြည်သူများထံမှ အကြောင်းမဲ့ ငွေကြေးတောင်းခံနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article