25 C
Yangon

မူဆယ်မြို့နယ်၊ နမ့်ခွန်ရွာ၌ စစ်တပ်က ၂ လ ကျော်ကြာ တပ်စွဲထားပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေ၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး မီးလောင်ပြာကျ

Must read

မူဆယ်မြို့နယ်၊ နမ့်ခွန်ရွာ၌ စစ်တပ်က ၂ လ ကျော်ကြာ တပ်စွဲထားပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေ၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး မီးလောင်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခွန်ရွာတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာအတွင်း ၂ လ ကျော်ကြာ တပ်စွဲထားပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မူဆယ်မြို့နယ် နမ့်ခွန်ရွာ အတွင်း ဝင်ရောက် တပ်စွဲပြီး ပြည်သူများကို ကျေးရွာအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က စတင် တပ်စွဲချိန်တွင် ကျေးရွာနေ ပြည်သူများက နေအိမ်အတွင်းရှိ အရေးကြီး ပစ္စည်းများ ရယူလိုပါက ဂိတ်တွင် ခွင့်တောင်း၍ ဝင်ယူခွင့် ရသော်လည်း လက်ရှိချိန်တွင် ရွာတွင်းကို အဝင်မခံဘဲ သေနတ်ပြမောင်းထုတ်ကြောင်း သိရသည်။

“အဲဒီရွာမှာက အစတုန်းက ဝင်လို့ရတယ်။ အခုနောက်ပိုင်း တပ်စွဲထားတယ်။ ကျွန်မတို့ အိမ်ထဲက ပစ္စည်းတွေ အဝတ်အစားပါမကျန် အကုန်ဖွတယ်။ ဆန်အိတ်တွေ ဆီတွေ အကုန်ခိုးပါတယ်။ အခုနောက်ပိုင်း တစ်ရွာလုံးက ပစ္စည်းတွေ ကားကြီး ကားငယ်နဲ့ သယ်နေတာ မျက်မြင်တွေ့ပါတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ကျေးရွာတွင်းရှိ ပြည်သူများသာမက ရွာဦးကျောင်းမှ ဆရာတော်ကြီးများကိုပါ ရှောင်ခိုင်းကြောင်း၊ နမ့်ခွန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာအတွင်း ဝင်ရောက်နိုင်သည့် လမ်းများကိုပါ အကြမ်းဖက်စစ်တပ်က ဖျက်ဆီးထားကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဆားထုံးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်အချိန်တွင် ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားထုံးရွာရှိ ပြည်သူပိုင် နေအိမ် ၇ လုံးကို မီးရှို့ ဖျက်ဆီးပြီးနောက် ဆားလင်းကြီးမြို့ပေါ်ကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article