ရေစကြိမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ငြိမ်းဇာနည်တပ်စခန်းကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ် ကောင်စီတပ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၈
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ငြိမ်းဇာနည်(စစ်မှုထမ်းဟောင်းရုံး) တပ်စခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၆ နာရီ ၁၀ မိနစ်စတင်ကာ ရေစကြိုမြို့ပေါ် ရှိ စစ်ကောင်စီ တပ်စခန်း များဖြစ်သော အထွေထွေအုပ်ချုပ်ရေးမှူးရုံး(စုပေါင်းရုံး)နှင့် ငြိမ်းဇာနည်(စစ်မှုထမ်း ဟောင်းရုံး)တပ် စခန်းတို့ကို Myingyan Black Tiger -MBT နှင့် ညီနောင်မဟာမိတ်များမှ တပြိုင် တည်း ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ အသာစီးမှ တိုက်ခိုက်နိုင်ခဲ့ပြီး ငြိမ်းဇာနည်တပ်စခန်းသိမ်း နိုင်တော့မည့် အနေအခြေအနေသို့ ရောက်ရှိခဲ့သော်လည်း စစ်ကူစစ်ကြောင်း ထပ်မံရောက်ရှိလာ သဖြင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ကူများနှစ်ဖက်ညှပ်ပိတ် ခုခံနေမှုကြောင့် လက်နက်ခဲယမ်းအင်အားနည်းပါးလာသဖြင့် နံ နက် ၈ နာရီအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီ တပ်သား ၄ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့မှ စစ်ကြောင်းမှူး ဆရာကရင်နှင့် ထိန်းသိမ်းရေး ခေါင်းဆောင် ရဲဘော် ၃၃ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“စခန်းထဲအထိတော့ ဝင်နိုင်ခဲ့တယ်၊ စီမံရုံးတွေ ဘာတွေထဲလည်းဝင်နိုင်ခဲ့တယ်၊ RPG နဲ့လည်း တချို့နေရာတွေက ဘန်ကာတွေကို ဖြိုနိုင်ခဲ့တယ်၊ အဲဒီမှာ ကျနော်တို့ကို နောက်ပိုးကနေ ဝင်သိပ် သွားတာဗျ၊ စစ်တပ်က ဒီလောက်ဖြတ်ထားတဲ့ကြားထဲကနေ ရောက်လာတာမို့ ကျနော်တို့ မရ၊ ရ အောင် ပြန်ဆုတ်ခဲ့ရတဲ့ အနေအထားဖြစ်သွားတာပါ၊ အဓိကကတော့ ကျနော်တို့ဘက်က လက် လုပ်နဲ့တိုက်နေရတော့ စခန်းမသိမ်းနိုင်ခဲ့တာ၊ ရှေ့ပြီးတော့ ဒီထက်အကောင်းဆုံးဖြစ်အောင် ကြိုးစား သွားမှာပါ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ် သစ် သတင်းဌာနထံ သို့ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT ၊ LY- PDF ၊ ဗလ်ခြောက်ဆယ် ၊ Bright Stars Group (LPDF)၊ Royal Eagle People Defence Force ၊ ဗလ်ခြောက်ဆယ် ပြောက်ကြားတပ်၊ N-YSO ၊ ရေညာမြေ အထူးကိုမန်တိုတပ်ဖွဲ့၊ TPGပြောက်ကြားတပ်ဖွဲ့နှင့် သွေးသောက်တပ်ဖွဲ့ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုတိုက်ပွဲသည် ရေစကြိုမြို့ရှိ စစ်မျက်နှာပြင်အားလုံးကို အမိန့်တစ်ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နိုင် ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူကို ကတိပေးထားသည့်အတိုင်း စခန်း မသိမ်းပိုက်နိုင်ခဲ့သော်လည်း ရေစ ကြိုမြို့ ပေါ်အထိ တက်ရောက်ကာ အကြမ်းဖက်စစ်အုပ်စုကို ခေါင်းမဖော်နိုင်အောင် ခြိမ်းခြောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ မကြာမီတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ယခု ထက်ပိုမိုကောင်းမွန်သည့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MyingyanBlackTigerMBT #LY-PDF #BrightStarsGroup(LPDF) #RoyalEaglePeopleDefenceForce #ဗလ်ခြောက်ဆယ်ပြောက်ကြားတပ် #N-YSO #ရေညာမြေအထူးကိုမန်တိုတပ်ဖွဲ့ #TPGပြောက်ကြားတပ်ဖွဲ့ #သွေးသောက်တပ်ဖွဲ့