24 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

Must read

လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦး ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြဖမ်းဖက် စစ်ကောင်စီ တပ်သားများကို နံနက် ၇ နာရီ ၃၀ မိနစ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၊ မွန်းလွဲ ၂:ဝဝ အချိန် ၊ ညနေ ၃ နာရီ ၃၀ မိနစ်နှင့် ညနေ ၄ နာရီ အချိန် ခန့်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက ၅ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၁၆ ဦး အပြင်းထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်ကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု ၊ Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ ထားဝယ်နဂါးတပ်ခွဲ(၅) နှင့် Dawei Defense Team- DDTတပ်ခွဲ ၃ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ပစ်ခဲ့သော စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီး နှင့် လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ကုန်းကြောင်း/ရေကြောင်း အသုံးပြုကာ အင်အား ၂ဝဝ ခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ ကျေးရွာ ၈ ရွာမှ ပြည်သူပိုင် နေအိမ် ၁၃၂ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article