32 C
Yangon

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးတွင် စစ်သားများ လိုက်ပါလာသော FAW ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးတွင် စစ်သားများ လိုက်ပါလာသော FAW ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ အနီးတွင် စစ်သားများ လိုက်ပါလာသော FAW ကားနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း ဗထူးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ထက်မြက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ဘုရားမဲဂိတ်မှ လုံခြုံရေးယူပြီး ပြန်လာသည့် အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော FAW ကား ၁ စီးကို ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုအတွင်း ကားပျက်စီး သွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ စစ်ကောင်စီတပ်သားအများအပြား သေဆုံးထိခိုက် ဒဏ်ရာရရှိမှုရှိ ကြောင်း သိရသည်။

“သူတို့က ဇဟာတပ်ရင်းနဲ့ မောင်မယ်ရှောင်ဂိတ်ကို လုံခြုံရေးယူတဲ့ပုံစံနဲ့ အမြဲလိုလို သွားလာလေ့ရှိ တယ်၊ အဲဒါကို စောင့်ကြို တိုက်ခိုက်ခဲ့တာ၊ ပထမ ပစ်မီတာ ၅၀ အကွာလောက်ကနေ ဝိုင်းပစ်တာ၊ တစ်ယောက် နှစ်ယောက်လောက်ပဲ ပြန်ပစ်နိုင်တယ်၊ အကုန်လုံးတော့မသေနိုင်ဘူး၊ ထိခိုက်သေဆုံးမှု ကတော့များမယ်၊ ဇဟာအမြောက်တပ်ရင်းနဲ့ မောင်မယ်ရှောင် စစ်ဆေးရေး ဂိတ်နှစ်ခုကြားမှာ ဆို တော့ လက်နက်ကောက်ဖို့ အချိန်မရခဲ့ဘူး” ဟု ဗထူးတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ထက် မြက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ ပြည်သူ များကို ဖမ်းဆီးစစ်မှုပြုလုပ်ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗထူးတပ်မတော်မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်သားများအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအရှိန်တိုးမြှင့်ကာ အာဏာသိမ်းစစ်ကောင်စီတပ်သားများကို အမြစ် ပြတ်ချေမှုန်းသွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိသတိဖြင့် သွားလာနေထိုင် ကြရန် ဗထူးတပ်မတော်က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article