ဆားတောင်မြို့ပေါ်ရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံး၊ ယင်းမာပင်တွင် စစ်တပ်တပ်စွဲနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတော်မြို့ပေါ်ရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ကြောင်လက်သည်း Local PDF တာဝန်ခံ ရဲဘော်ဖက်တီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်မှ ညနေ ၄ နာရီ ၁၉ မိနစ် အချိန် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ စစ်တပ် အထိုင်စခန်းတွင် စစ်အင် အား တိုးမြှင့်ထားသည်ဟု သတင်းရရှိသောကြောင့် တော်လှန်ရေး အင်အား စုများ စုပေါင်း၍ ဒရုန်းစစ်ဆင်ရေးဖြင့် ဗုံး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။
“နောက်ဆက်တွဲ သတင်းအရ ညက ဆားတောင်မြို့ပေါ်မှာ မီးဖြတ်လိုက်တယ်။ ရဲစခန်းအပေါက်မှာ ပိတ်ထားတဲ့ သံဆူးခက်တွေ ဇလီဖားတုံးတွေဖယ်ပြီးတော့ ဆရာဝန်ကို အသည်းအသန်ရှာနေခဲ့ကြတယ်” ဟု ကြောင်လက်သည်း PDF တာဝန်ခံ ဖက်တီးက ပြောဆိုသည်။
ဆားတောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးကို ကြောင် လက်သည်း PDF နှင့်အတူ ၊DFJ(Drop for Justice)၊ ရွှေဘိုခရိုင် တပ်ရင်း၁၅၊ ဥပဒေတာဝန်ခံ မီးတောက်၊ ဇင်ယော်နီ Local PDF မဟာရွှေကျီး Local PDF တို့ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၅၄ မိနစ် အချိန် စစ်ကိုင်း တိုင်း ယင်းမာပင်အရှေခြမ်း၊ ရွှေတောင်ဦးကုန်းနှင့် သီတဂူကျောင်းဝင်းအတွင်း စစ်တပ် အထိုင်ချတပ်ဆွဲထားသော နေရာ ၂ ခုကို Black Vote Fighter အဖွဲ့နှင့် AK ပြောက်ကျားတပ်ဖွဲ့၊ စစ်ကျွန်မခံမြွေဆိုးတသိုက်၊ တောကျီးကန်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မဲမှောင်ပျောက်ကြားတပ်ဖွဲ့၊ BDFအဖွဲ့၊ လက်နက် ကြီးမဟာမိတ်တပ်ပေါင်းစုတို့က တာဝေးပစ်လက်နက်ကြီး ၆၀မမ၊၈၀မမ၊များ ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ပေါက်ကွဲပြီး သေဆုံးထိခိုက်မှုရှိနိုင်ပါတယ်။ Black Vote Fighterအဖွဲ့နဲ့ ပူး ပေါင်း ညီနောင်မဟာမိတ်တွေကတော့ ပြည်သူတွေ ပို့သသော မေတ္တာ ကြောင့် အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ Black Vote Fighter အဖွဲ့ တာဝေးပစ် လက်နက်ကြီးထုပ်လုပ်နိုင်ဖို့ မိဘပြည်သူများအနေနဲ့ တတ် နိုင်တဲ့ ဘက်ကနေ ကူညီကြပါ” ဟု Black Vote Fighterအဖွဲ့ မှ တာဝန် ရှိသူက မေတ္တာရပ်ခံသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BlackVoteFighter #DFJ(DropforJustice) #PDF #ဆားတောင်မြို့