ရခိုင်တွင် ၃ လတာကာလအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၈၁ ဦးသေဆုံး
ရန်ကုန်| ဇန်နဝါရီ ၂၀
ရခိုင်ပြည်တိုက်ပွဲများတွင် ၃ လတာကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှု အပါအဝင် လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုတို့ကြောင့် အရပ်သားပြည်သူ ၈၁ ဦးသေဆုံးခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO က ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်တိုက်ပွဲများတွင် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှု၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုတို့ကြောင့် အရပ်သား ၈၁ ဦးသေဆုံးခဲပြီး ထိခိုက်ဒဏ်ရာရသူ ၂၆၀ ဦးအထိ ရှိကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလတ်ဝ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ တို့ဖြစ်ကြောင်း၊ယင်းအထဲမှ ပထမအများဆုံးမှာ မြောက်ဦးတွင် သေဆုံးသူ ၂၅ ဦးနှင့် ဒုတိယအများဆုံးမှာ မင်းပြား ၁၄ဦး ပေါက်တော ၁၁ ဦး၊ မောင်တော ၁ဦး၊ ဘူးသီးတောင် ၁၀ ဦး၊ ရသေ့တောင် ၂ဦး၊ စစ်တွေ ၂ဦး၊ ကျောက်တော် ၁၀ ဦး၊ ပလက်ဝ ၂ဦး၊ မြေပုံ ၁ဦး၊ အမ်း၊ ၂ဦးနှင့် ရမ်းဗြဲ ၁ဦး စုစုပေါင်း သေဆုံးသူ ၈၁ဦး ဖြစ်ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူအရေအတွက်မှာ ပထမအများဆုံး မင်းပြားတွင် ၆၁ ဦး၊ ဒုတိယအများဆုံးမြောက်ဦးတွင် ၄၀ ဦး၊ တတိယအများဆုံး ကျောက်တော် ၃၄ ဦး၊ မောင်တော ၁၇ဦး၊ ဘူးသီးတောင် ၂၁ဦး၊ ရသေ့တောင် ၁၀ဦး၊ စစ်တွေ ၁၅ ဦး၊ ပုဏ္ဏားကျွန်း ၂ဦး၊ ပေါက်တော ၂၃ ဦး၊ ပလက်ဝ ၁၉ ဦး၊ မြေပုံ ၆ဦး၊ အမ်း ၇ ဦးနှင့် ရမ်းဗြဲ ၅ ဦး စုစုပေါင်း ၂၆၀ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
ယင်းအထဲမှာ အမျိုးသားသေဆုံးသူ ဦးရေ ၅၆ဦးနှင့် အမျိုးသမီးသေဆုံးသူ ဦးရေ ၂၅ ဦး အမျိုးသားဒဏ်ရရာရှိသူ ၁၄၀ ဦးနှင့် အမျိုးသမီး ဒဏ်ရာရရှိသူ ၁၂၀ ဦးတို့ဖြစ်ပြီး အမျိုးသားဦးရေက သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာ ပိုများနေကြောင်း သိရှိရသည်။
လစဉ်အလိုက်သေဆုံးမှုမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သေဆုံးသူ ၂၈ ဦး ဒဏ်ရာရသူ ၁၀၃ ဦး၊ ဒီဇင်ဘာလတွင် သေဆုံးသူ ၂၇ ဦး ဒဏ်ရာရသူ ၆၆ ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သေဆုံးသူ ၂၆ ဦး ဒဏ်ရာရသူ ၉၁ ဦးရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုများသည် စစ်ကောင်စီတပ်ရင်းများ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်၊ ဒရုန်း၊ လက်နက်ငယ်၊ နေဗီတို့မှ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသူများဖြစ်ကြပြီး စစ်ကောင်စီထောင်ထားသည့် မိုင်းကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့သူများ လည်းပါဝင် ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ULA #HDCO #စစ်တပ်