28 C
Yangon

မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး

Must read

မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆ နှစ် အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန ထံမှ သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာကို လက်နက်ကြီးဖြင့် ၁၅ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၃၄ နှစ်အရွယ် ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် သေဆုံးသူ၏ ဇနီး ဖြစ်သူ နှင့် လသားအရွယ် ကလေးငယ် ၁ ဦးလည်း ထိခိုက် ဒဏ်ရာပြင်းထန်စွာ ရရှိကာ မိုးကုတ်မြို့ ပြည်သူ့ဆေးရုံတွင် တင်ထားရကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာရှိ လူနေအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်းများလည်း လက်နက်ကြီးကျည်ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article