သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန်တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ကော့လှိုင်းရွာလေးနှင့် ကုလားကုန်းရွာ အကြား လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျိုက်ကော်မှ စျေးဝယ် ပြန်လာသည့် ကော့လှိုင်းရွာသား အသက် ၅၇ နှစ်အရွယ် စောသန်းမြင့်နှင့် အသက် ၅၅ အရွယ် နောကူးကူးတို့ လက်နက်ကြီးကျည်စ ထိမှန်ကာ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကို လက်ရှိချိန်တွင် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်း ထိခိုက်ဒဏ်ရာရရှိထား သော ပြည်သူ ၁ ဦးသည် ယာဘက်ခြေထောက် ဖြတ်တောက်လိုက်ရကြောင်း သိရှိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNU #စစ်တပ် #လက်နက်ကြီး #စစ်တပ်


