29 C
Yangon

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်တပ်၏ ကြိုးတံတား ဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မွန်ပြည် တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇နာရီ ၄၃ မိနစ်ခန့်တွင် ရေးမြို့နယ်၊ မော့ကနင် ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက မီးရှို့ရှင်းလင်းကာ လက် နက် များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာနှင့် ထွက်ပြေးသွားသူ များလည်း ရှိကြောင်း၊ တိုက်ပွဲအတွင်း ကြိုးတံတားဂိတ်စခန်းနှင့် ခမရ – ၅၈၈ တို့ကို လက်နက်ကြီးများ ဖြင့် ဖိအားပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တပ်ရင်းများဖြစ်သည့် ခမရ -၅၈၈ နှင့် ခမရ – ၃၄၃ တို့မှလည်း လက်နက်ကြီးများဖြင့် အကြိမ် ၄၀ ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စခန်းအတွင်းမှာ အလောင်း ၈ လောင်း တွေ့တယ်။ သူတို့ပြေးတဲ့ လမ်းတ လျှောက် မှာတော့ ၂ ဦး ကျန်ခဲ့တယ်။ ကျနော်တို့လိုက်ပြီး နယ်မြေရှင်းလင်းရေး မလုပ်ဘူး။ မိုင်းတွေ မိုင်းကြိုးတွေ တော်တော်များများ တွေ့တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်မှာ မိုင်းတွေ ထောင်ထားတယ်ဆိုတာ သိရတယ်။ဒီ စစ်ဆင်ရေးက ပူးတွဲစစ်ဆင်ရေးပါ” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ကြိုးတံတားဂိတ် စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား များထံမှ ၆၀ မမ လက်နက်ကြီးပြောင်းရှည် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA-1 ၁ လက် ၊ M16 A1 – ၁ လက်၊ AK47 ၁ လက်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ပေါက်ကြိုး ၉ ခွေ၊ 5.56 ကျည်ဘောက် ၅ ခု၊ AK ကျည် ဘောက် ၁ ခု၊ MA ကျည်ဘောက် ၆ ခု၊ RPG ဗုံးသီး ၅ လုံး၊ အီနာဂါ ၂ လုံး၊ မီးကျည် ၁ လုံး၊ မိုင်းပစ္စည်းများ၊ လက်ပစ်ဗုံး ၁၂ လုံး၊ 380 ကျည် ၅တောင့် ၊ မှတ်ပုံတင် ၅ခု ၊ ဖုန်း ၁လုံး ၊ လက်နက်ငယ်ကျည် အမြှောက်များနှင့် မော်တော် ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ကြိုးတံတားဂိတ်စခန်းကို သိမ်းပိုက် မီးရှို့ပြီးနောက် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့ များ အကျအဆုံးမရှိ ဆုတ်ခွာ နိုင်ခဲ့ပြီး တော်လှန်ရေး မဟာမိတ်တပ် ပေါင်းစုမှ ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 ရဟတ်ယာဥ် အသုံးပြုခဲ့သော်လည်း ဗုံးကျဲ မပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေး အဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MSRF #ဒေါနစစ်ကြောင်း #ရေးပြောက်ကျားတပ်(YGF) #ABSDFတပ်ရင်း(၁) #မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း(MSRO) #YeDefenceForce(YDF)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article