ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂၀
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ သားကြင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒရုန်း တိုက်ခိုက်တာ စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း မန္တလေးခရိုင်တပ်ရင်း ၅၊ ဧရာဝတီ မင်းသား ပြောက်ကျားတပ်ဖွဲ့၊ HYTRA FORCE PDF၊ ငါန်းဇွန်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ရွှေချိုးဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။