30 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ် မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ် မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောရွာကို စစ်တပ်က လက်နက် ကြီး ဖြင့် ပစ်ခတ်မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတော ကျေးရွာ အနီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက် ကြီး ဖြင့် ပစ်ခတ်ရာ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်း ဒေသပြည်သူများက ပြောဆို သည်။

” စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ သေတဲ့အထဲမှာ အသက် ၃နှစ် အရွယ် မိန်းကလေးပါတယ်။ အမည်က မမေဝတ်လွှာပါ။ ကျန်တဲ့ လူကြီး ၂ ဦးက အသက်၇၈နှစ်အရွယ် ဦးစန်းမြင်နဲ့ အသက်၅၃နှစ် ဦးမြင့်လွင် ပါ။ နောက် ပြီး ဒဏ်ရာရရှိသူလည်း ၇ဦး ရှိတယ်။ ဘာလို့ ပစ်တာလည်း ကတော့ မသိဘူး။ ရွာအနီးမှာတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့ပစ်ချင်လို့ကိုပစ်တာပါ။ အခုလိုပစ်ခတ်လို့ ကိုယ်ရွာက ပြည်သူတွေ သေတဲ့အပေါ် စစ်ခွေးတွေကို ဘာပြောချင်လဲဆိုတော့ဗျာ သူတိုအကြောက်တရားသွင်းလည်း ဘယ်တော့မှ မကြောက်ဘူး။ ဒီကောင်တွေကို သေတဲ့အထိ PDFနဲ့ ပေါင်းပြီး တိုက်ပွဲဝင် သွားမယ်” ဟု သေဆုံးသူတစ်ဦး၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောဆိုသည်။

သေဆုံးသူများသည် စစ်ဘေးရှောင်ပြည်သူများဖြစ်ကြပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သော စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ် သမ္မတောရွာတွင် ညအိပ် တပ်စွဲထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article