24.9 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ စစ်တပ်က နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး

Must read

ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၊ စစ်တပ်က နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဖီးနစ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုကျော်ဇောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ဆားထုံး ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိ အကြမ်းဖက် စစ်တပ်က ဆားထုံးကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်အဖွဲ့၊ ဖီးနစ်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့၊ မျိုးဆက်သစ်လူငယ်အဖွဲ့၊ SRA နှင့် မုံရွာ underground Force တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article