26 C
Yangon

ကျိုက်ထိုတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီး

Must read

ကျိုက်ထိုတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူများ၏နေအိမ်များ ထိခိုက်ပျက်စီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုန်းတောဘုန်းကြီးကျောင်းဘေးရှိ နွာစိုးနိုင် ပဲရုံဖွင့်ရန် မြေဖို့ထားသော နေရာတွင် စစ်တပ်က အမြောက်ချ၍ ၁၂၀ မမ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်သည် တစ်ဖက်ကမ်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ၊ ထင်းတဲအပိုင်း အနီးဝန်းကျင်တွင် ဗုံး ၂ လုံး၊ စစ်ကွင်းကျေးရွာအနီး (ထန်းတော ဝန်းကျင်)ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“ခရွဲကျေးရွာအနီး ထင်းတဲအပိုင်း ရှိ မအိစနေ အိမ်ပေါ်ကို လက်နက်ကြီးကျည်ကျတယ်။ မပေါက်ကွဲခဲ့ဘူး။ ခေါင်မိုးတော့ပေါက်သွားတယ်။ အိမ်ရှင်တွေတော့ မနေရဲကြတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်က တပ်စွဲ၍ အထက်ကွေ့ကြီး နှင့် လက်ပံရွာမှတစ်ဆင့် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကိုဇော်ငြိမ်းဦး အိမ်သို့ ထိမှန်ခဲ့ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article