24.9 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၄ လုံးပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၄ လုံးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အခန့်တွင် ခမရ−၃၀၇ တပ်ရင်းက ပစ်လိုက်သော ၁၂၀ မမ လက်နက်ကြီး ၁ လုံးသည် သနပ်ကွင်းမြို့အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဒေါ်သန်း သေဆုံးကာ ဦးမင်းဇော် ၅၁ နှစ်မှာ ဦးခေါင်း ကျည်စထိမှန်ပြီး ဦးမျိုးဝင်း ၅၅နှစ် မှာ လက်မောင်းကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၂၉ မိနစ်ခန့်တွင် ခမရ-၄၃၉ တပ်ရင်းက ဟောင်ဝစ်ဇာ ၂ လုံး နှင့် ခမရ-၅၉၉ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၄လုံး ဖြူးမြို့နယ်၊ ဘန်းလောင်ရွာ အတွင်းကို ပစ်ခတ်ခဲ့ရာ ဟောင်ဝစ်ဇာ ၂ လုံးနှင့် ၈၁ မမ ၂ လုံးမှာ ဘန်းလောင်ရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံးမှာ ထိမှန်ပျက်စီးကာ ကျန်လက်နက်ကြီးကျည် ၂ လုံးမှာ ရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က ရှုခင်းသာယာကျေးရွာကို ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံး၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် ငဖယ်အင်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး၊ ည ၈ နာရီခန့်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်များက သမင်အင်းကုန်းကျေးရွာကို ၈၁ မမ လက်နက်ကြီး ၃ လုံး၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ခလရ-၂၆၄ က ကော်သာစေး ကျေးရွာကို ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၃ လုံး ညနေ ၅ နာရီခွဲ အချိန်တွင် ငဖယ်အင်း ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၂ဟလုံး၊ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်မှော်ဘုရားကြီးကျေးရွာကို ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံး၊ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် အင်းပုရိ၊ ကျောင်းကုန်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ၁၅၅ မမ၊ ၁၂၀ မမ၊ ၈၁ မမ စုစုပေါင်း ၁၈ လုံးကို ကျေးရွာအတွင်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့၌ ငဖယ်အင်းကျေးရွာရှိ ညားတခြား၏ နေအိမ်နှင့် ထင်းပုံ မှာ မီးလောင်ပျက်စီးခဲ့ပြီး အသက် ၆၇ နှစ်အရွယ် ညားတခြားမှာ ကျည်စထိမှန်သေဆုံးခဲ့ရကာ အသက် ၁၄ နှစ်အရွယ် စောနေလင်းထွန်းလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article