21 C
Yangon

ထီးလင်းမြို့နယ်၊ တောရောင်းရွာအနီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

Must read

ထီးလင်းမြို့နယ်၊ တောရောင်းရွာအနီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ ထီးလင်းမြို့နယ် တောရောင်းရွာအနီး ယာတောတဲပေါ်သို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင် ပစ်ခတ်ခဲ့၍ အမျိုးသား ၂ ဦးသေဆုံးကာ အမျိုးသမီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၍ တောရောင်းရွာအနီး ယာတောတဲပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၀ အရွယ် ဖခင်ဖြစ်သူနှင့် အသက် ၂၈ နှစ်အရွယ် သား ဖြစ်သူ ၂ ဦးလုံး လက်နက်ကြီး ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထို့ပြင် လက်နက်ကြီး ထိမှန်မှုကြောင့် မိခင်ဖြစ်သူနှင့် သမီးဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြီး သမီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထီးလင်းမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်သည် ပျူးစောထီးများကို လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သည့် သင်တန်းများပေးနေပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article