32 C
Yangon

မြင်းခြံမြို့နယ်၊ ကိုင်းရွာအနီး စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

မြင်းခြံမြို့နယ်၊ ကိုင်းရွာအနီး စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ တလုပ်မြို့နှင့် တောပုရွာ အကြား စစ်​ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒေသတော်လှန်ရေး တပ်ဖွဲ့များ ကိုင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မြင်းခြံမြို့နယ်၊ ကိုင်းရွာအနီးက တာဘောင်မှာ စစ်ခွေး စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၅ ကောင်သေတယ်။ စစ်ခွေးတွေက တလုပ်မြို့နဲ့ တောပုရွာ အကြားကို စစ်ကြောင်းထိုးလာတာကို ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်တာလို့ သိရတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်းမည်ကို စိုးရိမ်သောကြောင့် ကိုင်းရွာနှင့် ဂ့င်ဂဲရွာ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article