28 C
Yangon

ရေစကြိုမြို့နယ်နှင့် ပုလောမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

ရေစကြိုမြို့နယ်နှင့် ပုလောမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဂွေးချို ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာနှင့် ကင်းနေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ပျက်စီးကာ ပျူစောထီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ခရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာ၌ စစ်သားများ အစည်းအဝေး ပြုလုပ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက အစည်းအဝေး ပြုလုပ်နေသော နေအိမ်ကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပျူစောထီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces၊ Urban Underground Revolution Force၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ ပခုက္ကူခရိုင် Local တပ်ပေါင်းစု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းတောင်ဂိတ်စခန်းကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း Palaw Region Defense Force – PRDF ထံမှ သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့က ပုလောမြို့နယ်၊ နန်းတောင် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးသီးကျချတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဗုံးကျဲတိုက်ခိုက်ပြီးနောက်စစ် ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၊ ပုလောမြို့ ပြည်သူ့ကာကွယ် ရေးတပ်မတော် – PPDF ၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ – PRDF ၊ ပုလောစစ်ကြောင်း ၁ နှင့် ဗိုလ်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ် ရေး သတိရှိကြရန်၊ စစ်ကောင်စီယာဉ်တန်းများနောက်တွင် ကပ်မလိုက်ကြရန်နှင့် ဒေသတွင်း ပြည့် သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် မေတ္တာရပ်ခံထားသည်။

Palaw Regional Defense Force တပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်အာဏာရှင် စနစ်ကျဆုံးသည် အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article