ဆားလင်းကြီးရှိ မီးဘေးသင့် ၇ အိမ်ကို အိမ်သုံးပစ္စည်းများ ထောက်ပံ့
ရန်ကုန်၊ ဇန်နဝါရီ ၂၃
ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာရှိ မီးဘေးသင့် ၇ အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီဝင်များက အိမ်သုံးပစ္စည်းများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
တစ်အိမ်ထောင်လျှင် စောင်တစ်ထည် ၊ ရေပုံး ၊ ရေစစ် ၊ ရေချိုးခွက် ၊ ဆပ်ပြာခဲ ၊ ဆပ်ပြာခွက် ၊ လက်ဆေးရေဇလုံ ၊သောက်ရေခွက် ၊ သွားတိုက်တံ၊ သွားတိုက်ဆေး ၊ ထမင်းစားဇလုံ၊ ဓား ၊ ဇွန်းကြီး ၊ ဇွန်းလေး စသည့် အိမ်အသုံးဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။