25 C
Yangon

AA တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ စစ်သားများ ထွက်ပြေး၊ ထွက်ပြေးသည့် စစ်သားများ ပြန်ခေါ် မည့် စစ်လေယာဉ် လမ်းချော်၊ လေယာဉ် လမ်းချော် မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်သားများကို လူနာတင်ယာဉ်ဖြင့် သယ်စဉ် ယာဉ်မတော်တဆမှု ထပ်ဖြစ်

Must read

AA တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ စစ်သားများ ထွက်ပြေး၊ ထွက်ပြေးသည့် စစ်သားများ ပြန်ခေါ် မည့် စစ်လေယာဉ် လမ်းချော်၊ လေယာဉ် လမ်းချော် မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်သားများကို လူနာတင်ယာဉ်ဖြင့် သယ်စဉ် ယာဉ်မတော်တဆမှု ထပ်ဖြစ်

■စစ်ကောင်စီတပ်သားများ ကျိန်စာသင့်နေပြီဟု ပြည်သူများ သုံးသပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရက္ခိုင်တပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယသို့ စစ်ကောင်စီတပ်သား ၂၇၆ ဦး ထွက်ပြေးသွားခဲ့ကြပြီး ထွက်ပြေးသည့် စစ်သားများ ပြန်ခေါ်မည့် စစ်လေယာဉ်သည် ယမန်နေ့ လမ်းချော်ခဲ့ကာ စစ်လေယာဉ် လမ်းချော်မှု ကြောင့် ထိခိုက်ဒဏ်ရာရသည့် စစ်သားများကို လူနာတင်ယာဉ်ဖြင့် သယ်စဉ် ယာဉ်မတော်တဆမှုထပ်ဖြစ်ခဲ့ကြောင်း အိန္ဒိယသတင်းဌာနက သတင်း ဖော်ပြသည်။

ယမန်နေ့ ဇန်နဝါရီ ၂၃ရက်နေ့ နံနက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ် တွင် မြန်မာစစ်လေယာဉ် ဆင်းသက်စဉ် လမ်းချော် သွားခဲ့ကြောင်း၊ မြန်မာစစ်လေယာဉ်တွင် စုစု ပေါင်း ပိုင်းလော့ အပါအဝင် လေယာဉ် အမှုထမ်း လေတပ် တပ်ဖွဲ့ဝင် ၁၄ ဦး လိုက်ပါခဲ့ပြီး လေယာဉ် အမှုထမ်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လူနာတင်ယာဉ်မှာ မတော် တဆမှု ထပ်မံဖြစ်ပွား ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို သယ်ဆောင်သည့် လူနာတင်ကားသည် လေဆိပ် အထွက်တွင် ခုံးကျော်တံတားဖြင့် တိုက်မိခဲ့ကြောင်း၊ လူနာတင် ကားသည် လေဆိပ် အရေးပေါ်ထွက်ပေါက်မှ ထွက်စဉ် ခုံးကျော်တံတားဖြင့် တိုက်မိခဲ့သဖြင့် လူနာတင်ကားမှာ ညပ်နေခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်ကြောင့် လူနာတင်ယာဉ် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၂၇၆ ဦး အိန္ဒိယသို့ ထွက် ပြေးသွားသည့်အတွက် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် စစ်သား ၁၈၄ ဦးကို မြန်မာ စစ်တပ်က လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ဖြစ်ကြောင်း၊ ယမန် နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျန်ရှိနေသော စစ်သား ၉၂ ဦးကို ပြန်လည် ခေါ်ဆောင်ရန် သွားရောက်စဉ် စစ်လေယာဉ် ပြေးလမ်း ချော်မှု ဖြစ်ပွားပြီး နောက် ဆက်တွဲ မတော်တဆမှုများ ဆက်တိုက်ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါဖြစ်စဉ်ကို ပြည်သူများက စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ များ ကို သတ်ဖြတ်ခဲ့သည့် ကျိန်စာများ သင့်နေပြီ ဟု လူမှုကွန်ရက်တွင် သုံး သပ် ရေးသားကြသည်။

“ပြည်သူတွေကို အစုလိုက် အပြုံလိုက် ဗုံးကျဲသတ်တဲ့ စစ်ခွေးတွေ အခု လေ ယာဉ် လမ်းချော်တယ်၊ လမ်းချော်ပြီးတော့ လူနာတင် ယာဉ် မတော်တဆမှု ထပ်ဖြစ်တယ်။ ဒါမျိုးတွေက မမြင်ရတဲ့ ကျိန်စာတွေပဲ။ မင်းအောင်လှိုင်လည်း သိပ်မကြာခင် ကျိန်စာထိဦးမှာ” ဟု မန္တလေးမှ Soe Myanmar အကောင့် ပိုင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ချက် ပေးပို့ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article