ပခုက္ကူ နည်းပညာတက္ကသိုလ် – GTC ကျောင်းရှိ စစ်ကောင်စီ တပ်သားများကို အလစ်အငိုက် ပစ်ခတ် တိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံး
ရန်ကုန်၊ ဇန်ဝါရီ ၂၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ နည်းပညာတက္ကသိုလ် – GTC ကျောင်းဝန်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကို အောင်မောင်းက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၉ နာရီခန့်က ပခုက္ကူ – ရေစကြို ကားလမ်းမကြီးပေါ်ရှိ ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် အထိုင်ချ ဂိတ်စခန်း လုပ်ထားသော စစ်ကောင်စီတပ်သားများအနက် ကျောင်းဝင်းအတွင်းရှိ ရေစင်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ရေစက်အဖွင့်အပိတ်ပြုလုပ်နေသော ရဲ ၂ ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
“ခွေးတွေဘက် ပြန်ပစ်နိုင်တာမျိုးမရှိဘူး၊ ရှိနေတဲ့ ခွေးတွေကိုလည်းခေါင်းမဖော်နိုင်အောင် ကျနော် တို့ဘက်ကပစ်တာ၊ ပြီးတော့ ဂိတ်ထဲမှာရှိနေတဲ့ ခွေးတွေကလည်း လူကြီးလမ်းကြောင်းရှိနေတဲ့ အတွက် ကင်းလမ်းကြောင်းရှိတဲ့အတွက် သူတို့ရဲအင်အားတွေက GTC ရဲ့ ကားလမ်းတလျှောက်မှာပဲ ဖြန့်ထားတဲ့ အခြေအနေပေါ့၊ အဲလိုအခြေအနေမှာ ဝင်ပစ်ခဲ့တပါ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကို အောင်မောင်းက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။